Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့က အာဇာနည်းကုန်းအနီးမှာ လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံရ

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

((၇၉)နှစ်မြောက်အာဇာနည်နေ့အခမ်းအနား ပြုလုပ်နေစဉ်။ ဓာတ်ပုံ- စစ်ကောင်စီ)

ဇူလိုင်-၂၁၊၂၀၂၆။တာရာ/People’s Spring

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဆိုပါလူငယ်တွေကို စစ်တပ်က ဖုန်းတွေယူစစ်ခံရအပြီး ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

” ကလေးတွေက ပိတ်ရက်ဆိုအပြင်ထွက်ကြတာနေမယ်။ ပြီးတော့ အာဇာနည်ကုန်းသွားပြီး ဂါရဝပြုချင်ပြုမှာပေါ့။ ပြောလို့ဘယ်ရမလဲ။ ဒါပေမယ့်လုံခြုံရေးကိုလည်းအထပ်ထပ်ချထားတယ်။ မသင်္ကာတဲ့လူငယ်တွေဆိုရင် ဖုန်းတွေစစ်တယ်၊ ဘယ်ကလာလဲအကုန်မေးတယ်။ အဲဒီကလေးတွေကျတော့ဖြတ်သွားတာ။ ဂိတ်ပေါက်နားကနေဖြတ်တာလည်းမဟုတ်ဘူး။ အဲဒီနေရာနဲ့ဆိုဝေးတယ်။ အဲဒါကိုလှမ်းခေါ်ပြီးစစ်တာ။ ကိုယ်တွေကတော့အခြေအနေတော့မဟန်ဘူးဆိုတာသိလိုက်တယ်။ နောက်တော့သူတို့ကိုခေါ်သွားတာတွေ့လိုက်တယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဆူးလေဘုရားအနီးမှာလည်း လူငယ်တွေစစ်ဆေးခံရတာရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်အာဇာနည်နေ့မှာ ယခင်နှစ်တွေထက်လုံခြုံရေးပိုချထားပြီး ရွှေတိဂုံဘုရားကိုပါ တတ်ရောက် ဖူးမြော်ခွင့်ကိုပိတ်ထားခဲ့တာပါ။

(၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံတိုင်လမ်းအား ဓမ္မစေတီ – ရွှေဂုံတိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်း အထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ – မ္မစေတီလမ်းဆုံထိလည်းကောင်း ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေကတော့ မနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တစ်ခုတည်းပဲ အလေးပြုခဲ့တာဖြစ်သလို စစ်ကောင်စီကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားနေရာတွေကို သွားရောက်ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် လူစည်ကားစေဖို့ရည်ရွယ်ပြီး တက္ကသိုလ်ကျောင်းသား၊သူတွေ၊ မူလတန်း၊အလယ်တန်းနဲ့အထက်တန်းကလေးတွေကို YBS နဲ့အကြိုအပို့လုပ်ပြီး ဗိုလ်ချုပ်ပြတိုက်၊ ဝန်ကြီးများရုံးနဲ့အာဇာနည်ကုန်းကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။

Facebook