Connect with us

Hi, what are you looking for?

All posts tagged "NUG"

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဟာ စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပြီး ပြည်သူလူထု အင်အားနဲ့ တော်လှန်ရေး (၅)နှစ်ခရီးမှာ အောင်ပွဲများစွာဆင်နွှဲနိုင်ခဲ့သလို တော်လှန်ရေးလှိုင်းအနိမ့်အမြင့်တွေကိုလည်း ကျော်ဖြတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက အကောက်ခွန်ဂိတ်အားလုံးပိတ်သိမ်းဖို့ စီမံချက်ရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ကွပ်ကဲရေး-၁နဲ့ ၂အောက်က မြို့နယ်တွေမှာ ပကဖ၊ ပအဖ၊ PDF၊ဒေသခံPDFတွေရဲ့ အခွန်ကောက်ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန-MODက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ချိုးဖျက်ပြီး ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ပေါင်းစည်းခေါင်းဆောင်ကြဖို့ တိုင်းရင်းသားခေါင်းဆောင် တွေကို အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကြီး လေးဖွဲ့ တွေ့ဆုံပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအောင်မြင် နိုင်ဖို့ ဆွေးနွေးထားကြတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ပိုင်းတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သတင်း

၂၀၂၆ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အချိုးအကွေ့ကာလတစ်ရပ်ဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ် ထပ်လောင်းအတည်ပြုတာကနေကျော်လွန်ကာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှု (၅)နှစ်တာအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုက အရှိန်လျော့မသွားဘဲ ပိုလို့တောင် စနစ်တကျ ရှိလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပြီး နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သွေးနဲ့မျက်ရည်တွေရဲ့ တန်ဖိုးကို အလေးထားပေးဖို့တောင်းဆိုခဲ့ပါတယ်။

သတင်း

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။

Facebook