Connect with us

Hi, what are you looking for?

သတင်း

ကျဆုံး၊ ထိခိုက်ရဲဘော်တွေကို NUG က သူရဲကောင်းဘွဲ့ပေးအပ်မည့်အစီအစဥ် တိုက်ပွဲဝင်ရဲဘော်တွေ စိတ်ခွန်အားရဟု PDF တပ်မှူးပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းပြုလုပ်မယ်လို့ထုတ်ပြန်ခဲ့တဲ့အပေါ်ကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) ဗျူဟာမှူးရဲဘော်စောဒါးကိုကကြိုဆိုခဲ့ပြီးဒါဟာ ကျဆုံးထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို အသိအမှတ်ပြုဖို့ ဖြစ်သလို တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်စိတ်ခွန်အား ဖြစ်စေကြောင်း အသိပေးပါတယ်။

(မြင့်မြတ်စွာကျဆုံးခဲ့ရတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချူပ် တောင်ငူခရိုင်တပ်ရင်း(၃၅၀၂)က ရဲဘော်အချို့အတွက် နာရေးအခမ်းအနားလုပ်နေစဉ်။ ဓာတ်ပုံ - တောင်ငူခရိုင်တပ်ရင်း ၃၅၀၂)

မေ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းပြုလုပ်မယ်လို့ထုတ်ပြန်ခဲ့တဲ့အပေါ်ကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) ဗျူဟာမှူးရဲဘော်စောဒါးကိုကကြိုဆိုခဲ့ပြီးဒါဟာ ကျဆုံးထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို အသိအမှတ်ပြုဖို့ ဖြစ်သလို တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်စိတ်ခွန်အား ဖြစ်စေကြောင်း အသိပေးပါတယ်။

PDF တပ်မတော် တည်ထောင်ခြင်း(၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်များ ချီးမြှင့်သွားဖို့ရှိတယ်လို့ မနေ့ကမေလ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ ချီးမြှင့်မည့် ဘွဲ့နဲ့ ဆုတံဆိပ် အမျိုးအစားတွေက ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့၊ ပြည်သူ့ဇာနည်ဆုတံဆိပ်၊ ပြည်သူ့သားကောင်းဆုတံဆိပ် တို့ဖြစ်ပြီး လက်ရှိမှာ ချီးမြှင့်နိုင်ရေးစိစစ်မှု လုပ်နေသလို ချီးမြှင့်အပ်နှင်းမယ့် နေ့ရက်ကို ထပ်မံ အသိပေးမယ်လို့ ဖော်ပြထားပါတယ်။

သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်တဲ့ အစီအစဉ်ကို နှစ်စဉ် ဆောင်ရွက်သွားဖို့ရည်ရွယ်ထားတယ်လို့လည်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

” ဒါကတော့ကျနော်တို့တော်လှန်ရေးရဲဘော်တွေ ဘက်မှာတော့ကျနော်တို့ရဲဘော်တွေစိတ်ခွန်အားရသလို ကျဆုံးသွားတဲ့ရဲဘော်တွေ ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ရဲဘော်တွေအတွက်လည်း အသိအမှတ်ပြုမှုတွေ ဖြစ်လာတာပေါ့နော်” လို့ ရဲဘော်စောဒါးကိုက ပြောပါတယ်။

ကျဆုံးနဲ့ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေအတွက် အဓိကဦးစားပေးပြီး ဘွဲ့နဲ့ ဆုတံဆိပ်တွေပေးစေချင်ဟု ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေအားလုံးဟာ အားလုံးကိုစွန့်လွှတ်ပေးဆပ်ပြီး ဆုံးဖြတ်ချက် ခိုင်မာစွာ တိုက်ပွဲ ဝင်နေကြတဲ့ ရဲဘော်တွေ ဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကနေစီစဉ်ပေးတဲ့ဆုတံဆိပ်တွေဟာ အင်မတန်ကောင်းမွန်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးထဲကျဆုံးသွားတဲ့ ရဲဘော်တွေထဲမှာရဲဘော်အချို့ မိသားစုတွေကိုအဆက်အသွယ်ရပြီး အဆက်အသွယ်မရဘဲမှတ်တမ်းအဖြစ် သိမ်းဆည်းရတာလည်းရှိကြောင်း ပြောပါတယ်။

” တော်လှန်ရေးပြီးတဲ့အချိန်ကျရင် အဲဒီမိသားစုတွေကိုပြန်လည်ပြီးဆက်သွယ်ဖို့ ပြန်ပြီးကိုယ်တိုင်ကိုယ်ကျသွားပြီးကျနော်တို့တွေ့ဆုံဖို့စီစဉ်နေတာရှိတယ်။ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက အဆင့်ဆင့် တာဝန်ယူတာဝန်ခံမှုရှိတဲ့ တပ်မှူးတွေအားလုံးစီစဉ်ထားတယ်”လို့ ရဲဘော်စောဒါးကိုကပြောပါတယ်။

ဒီလိုဆုတံဆိပ်ပေးတာဟာကျဆုံး ရဲဘော်တွေရဲ့မိခင်တွေအတွက် ပိုမို အသိအမှတ်ပြုမှု ဖြစ်စေမယ်လို့ပြောပြပါတယ်။

ဒီလို ဆုတံဆိပ်ပေးအပ်မယ့်အပေါ် ဝေဖန်မှုအချို့ရှိပေမယ့်ဒါဟာ မလိုလားတဲ့ အဖွဲ့အစည်းတွေနဲ့တကယ့်ကို အတိုက်အခံလုပ်နေတဲ့လူတချို့လောက်ပဲဖြစ်နိုင်တယ်လို့ပြောပါတယ်။

ပြည်တွင်းမှာနေပြီး တော်လှန်ရေးအမှန်တကယ် စိတ်ပါဝင်စားနေတဲ့ သူတွေ၊ ပြည်ပကိုထွက်ခွာပေမယ့် တော်လှန်ရေးနဲ့အတူရှိနေသူတွေ၊ တော်လှန်ရေးနယ်မြေမှာ ကြံ့ကြံ့ခံပြီးတကယ်တိုက်ပွဲ ဝင်နေတဲ့သူတွေ၊ တော်လှန်ရေးနဲ့ပတ်သက်ပြီးခံစားရတဲ့နယ်မြေတွေကလူတွေရဲ့အမြင်က အခုလို ဆုပေးအပ်မှု အပေါ်အမြင်တွေ နီးစပ် ထပ်တူကျနိုင်တယ်လို့လည်း ရဲဘော်စောဒါးကိုက ပြောပါတယ်။

” ပြည်ပမှာတချို့ရှိနေတဲ့သူတွေကတော့အဲဒီလောက်ထိ ရှိချင်မှရှိမယ်။ ဒါကတော့ပေးစရာမလိုဘူးဒါကတော့မလိုအပ်ဘူးဒါကတော့ဘယ်လိုလဲဆိုတာသူတို့ရဲ့အမြင်ပါ။ သို့သော် မြေပြင်မှာ တကယ်တိုက်နေတဲ့ ကလေးတွေ ကျဆုံးသွားတဲ့ကလေးတွေ ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ကလေးတွေ အပြင် တကယ် နောက်တန်းမှာ တိုက်ပွဲဝင်နေတဲ့ကလေးတွေကအစ ပေါ့နော် ငါတို့တွေဒီလိုပေးဆပ်မှုတွေက ငါတု့ပြည်သူ့အစိုးရကဒီလိုမျိုးအသိအမှတ်ပြုမှုတွေရှိပါလားဆိုတဲ့စိတ်ခွန်အားတွေ ပိုမိုပြီးရရှိစေတာဖြစ်ပါတယ်” လို့ ရဲဘော်စောဒါးကိုက ပြောပါတယ်။

လက်ရှိမှာ ကျဆုံးရဲဘော်တွေကို ဝန်ကြီးဌာနကထောက်ပံ့ငွေပေးတာရှိသလို အာဇာနည်သူရဲကောင်းလက်မှတ်ပေးတာရှိကြောင်းလည်း ပြောပြပါတယ်။

NUG ကာကွယ်ရေးက ဒီလိုဆုတံဆိပ်ပေးအပ်မှုအပေါ် ဝေဖန်နေသူတွေထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲလည်း ပါဝင်ပါတယ်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းဖို့ အခြေအနေအရအစိုးရတခုဖွဲ့ပြီးတော်လှန်သင့်တယ်လို့ပြောခဲ့မိတာဟာ ခုတော့တကယ်ကို အစိုးရ ဖြစ်ပြီ ထင်နေသလားမသိဟု ရဲဘော်သံခဲကရေးသားကာ “ မိမိတို့ ကျောင်းသားတပ်မတော် အနေဖြင့် လတ်တလောလက်ရှိကာလတွင်မည်သည့် အစိုးရကပေးသည့်ဘွဲ့ထူးဂုဏ်ထူးများကိုမျှ လက်ခံသွားမည် မဟုတ်ကြောင်း ကြေညာအပ်ပါသည်” လို့ ရဲဘော်သံခဲက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

” သူ့ PDF တပ်ကရဲဘော်ကို သူ့တပ် အကြီးအကဲကသူရဲကောင်းဆုပေးတာလေ။ဘာများမှားလို့လဲ။စည်းနှောင်မှုအားဆိုတာလိုတယ်။ တပ်တခုလိုအင်အားရှိလာရင် သူ့ရဲဘော်ကို အဆင့်သတ်မှတ်ချက်ထား ဂုဏ်ပြုတာ ဘယ်နေရာမှားလို့လဲ” လို့ တော်လှန်ပြည်သူတဦးက ရဲဘော်သံခဲရေးသားချက်အောက်မှာမှတ်ချက်ပေးထားပါတယ်။

ကော်ဘရာစစ်ကြောင်းမှာပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တဦးကလည်း ဝေဖန်နေသူတွေကို ဆဲဆိုလိုတယ်လို့ ရေးသားထားပါတယ်။

“ကျသွားတဲ့ ငါ့ညီကုတွေတိုက်ပွဲမှာရဲဘော်ရဲဘက်စိတ်အပြည့်နဲ့တိုက်ခဲ့တဲ့ ငါ့ညီအကိုတွေဟာ ဒီဆုတွေနဲ့ထိုက်တန်ခဲ့သူတွေချည်းပဲ။ဘယ်ကောင်မှ လိုချင်လို့ တိုက်ခဲ့တဲ့ကောင်တွေ မပါဘူး။ ဒါပေမဲ့ မှတ်တမ်းတင် ဂုဏ်ပြုဖို့လိုတယ်”လို့ အဲဒီရဲဘော်က ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။