Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ဟာ သူ့ကိုယ်ကိုသမ္မတခန့်ဖို့ စစ်ရာဇဝတ်မှုများစွာကိုကျူးလွန်ထားသူဖြစ်​ကြောင်း NUGဝန်ကြီးချုပ်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုများစွာ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို အကြိမ်ကြိမ်ကျူးလွန်ပြီး သမ္မတ ရာထူးကို အဓမ္မရယူထားသူဖြစ်တယ်ဆိုတာပြတ်ပြတ်သားသားမြင်ကြဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မင်းဝင်းခိုင်သန်းက ပြောကြားခဲ့ပြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားကို ချနင်းခဲ့ဟု အသိပေးပါတယ်။

(NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နဲ့ အာဏာသိမ်း​ခေါင်ဆောင်မင်းအောင်လှိုင်။ ဓာတ်ပုံ- NUG ၊AP)

ဧပြီ-၁၆၊၂၀၂၆။ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုများစွာ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို အကြိမ်ကြိမ်ကျူးလွန်ပြီး သမ္မတ ရာထူးကို အဓမ္မရယူထားသူဖြစ်တယ်ဆိုတာပြတ်ပြတ်သားသားမြင်ကြဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မင်းဝင်းခိုင်သန်းက ပြောကြားခဲ့ပြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားကို ချနင်းခဲ့ဟု အသိပေးပါတယ်။

ဒီကနေ့ (ဧပြီ ၁၆ရက်)ကျရောက်တဲ့ NUG အစိုးရ ဖွဲ့စည်းခြင်း (၅)နှစ်ပြည့်အခမ်းအနား မိန့်ခွန်းမှာ အခုလိုထည့်သွင်း ပြောကြားခဲ့တာပါ။

တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ်ရဲ့ မူလအရင်းအမြစ်ဟာအကြမ်းဖက်စစ်တပ်ကြောင့် ဖြစ်လာရတယ်ဆိုတာ ရှင်းလင်းစွာ မြင်ကြဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေခြင်းကနေ အပြီးတိုင် အဆုံးသတ်ဖို့ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ရော တော်လှန်ရေးအင်အားစုများ ကြားမှာပါ တူညီတဲ့ သဘောထားရပ်တည်ချက်ဖြစ်သလို မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက်လိုအပ်ချက်လည်းဖြစ်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။

မင်းအောင်လှိုင်ဟာ ဟန်ပြရွေးကောက်ပွဲကနေ လွှတ်တော်ခေါ်ယူကာ သူ့ကိုယ်သူ သမ္မတခန့်ပြီး မဏ္ဍိုင်သုံးရပ်လုံးကို စိတ်တိုင်းကြလွှမ်းမိုးချုပ်ကိုင် နိုင်ဖို့ ဆောင်ရွက်နေပါတယ်။

“အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကနေပြီး အကြမ်းဖက်သမ္မတ ဦးမင်းအောင်လှိုင်အဖြစ် ဝတ်ရုံ ပြောင်းလဲတာကလွဲလို့ အကြမ်းဖက်စရိုက်အမူအကျင့်များကို မူလအတိုင်း ဆက်လက်လုပ်ဆောင်မှာပဲဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

သမ္မတအဖြစ် တရားမဲ့ ခန့်အပ်နိုင်ဖို့ မဲစာရင်း မှားယွင်းမှုများ ဖြစ်သယောင် လိမ်လည်အကြောင်းပြပြီး အဓမ္မ အာဏာသိမ်းကာ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အနာဂတ်အကျိုးစီးပွားများကို ကဏ္ဍပေါင်းစုံက ပျက်စီးဆုတ်ယုတ်သွားအောင် ချနင်း လုပ်ဆောင်သွားတာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းချိန်မှ အခု ၂၀၂၆ ဧပြီ ၁၀ရက်နေ့အထိ အပြစ်မဲ့ ပြည်သူပေါင်း ၇၉၇၂ဦး ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ပြည်သူ ၂၂၀၀၀ ကျော်ကို ဖမ်းဆီး ချုပ်နှောင်ထားဆဲဖြစ်ဟု အသိပေးပါတယ်။

ပြီးခဲ့တဲ့ မတ်လတစ်လတည်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၂၁၀ ခုရှိခဲ့ရာ အပြစ်မဲ့ ပြည်သူ ၄၈၃ဦး သေဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ပါတယ်။

“အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်သူလူထုရယ်လို့ သတ်မှတ်မထားရှိဘဲ ဘက်မတူသူမှန်သမျှ ငါ့ရန်သူလို့ သဘောထား ကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖိနှိပ်ကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ပြီး သမ္မတ ရာထူးကို အဓမ္မ ရယူ ထားသူဖြစ်တယ်ဆိုတာကို ပြတ်ပြတ်သားသား မြင်ကြဖို့လိုအပ်ပါတယ်။” လို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။

စစ်တပ်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို အပြီးတိုင် အဆုံးသတ် နိုင်ဖို့နဲ့ စစ်တပ်ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရေးဟာ တော်လှန်ရေးအင်အားစုတွေနရဲ့ နိုင်ငံရေး ဦးတည်ချက်ဖြစ်ပြီး နောက်ထပ် ဦးတည်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အပြီးတိုင်ဖျက်သိမ်းဖို့ အဲဒီဖွဲ့စည်းပုံအောက်က ကြိုးစားမှုမျန်သမျှ တိုက်ဖျက်သွားဖို့ဖြစ်ကြောင်းဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်က ဖြစ်ပေါ်လာတဲ့ ဘယ်နိုင်ငံရေး အခင်းအကျင်းမဆို စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုး အခွင့်ထူးခံမှုတွေနဲ့ဖိနှိပ်နေမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်က နိုင်ငံရေးအခင်းအကျင်းကို လက်ခံနေခြင်းဟာ မြန်မာနိုင်ငံမှာ မတည်ငြိမ်တဲ့ နိုင်ငံရေးစနစ်ကို ဆက်လက်တည်ရှိစေဖို့ တွန်းပို့နေတာ ဖြစ်တယ်ဆိုတာကိုလည်း နိုင်ငံတကာ အနေနဲ့ ရှင်းရှင်းလင်းလင်းမြင်ဖို့ ပြောကြားလိုပါတယ်။”လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။