Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေမှု စစ်အုပ်စု ခိုင်လုံတဲ့ သက်သေပြသခြင်းမရှိ၊ နိုင်ငံရေးလှည့်ကွက် ထုတ်သုံးခြင်းသာဖြစ်ဟု NUG ပြော

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတာကို စစ်အုပ်စုခိုင်လုံတဲ့ သက်သေပြသခြင်းမရှိဘဲ ဓာတ်ပုံတပုံနဲ့ အချက်အလက်အချို့ကိုသာ နိုင်ငံရေးလှည့်ကွက်တခုအဖြစ် ထုတ်သုံးလာခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဧပြီ ၃၀ရက် ည ၈ နာရီသတင်းမှာ ပြသခဲ့တဲ့ သတင်းဓါတ်ပုံမှ နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ဓါတ်ပုံကို ဘယ်ကာလမှာရိုက်ထားတာကို​တော့မသိရပါဘူး။ဓါတ်ပုံ-MRTV Screen Grab

“အမှန်တကယ်ဆို မတရားသဖြင့် ဖမ်းဆီးထိမ်းသိမ်းခံထားရတာဖြစ်တဲ့ အတွက် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမယ့် အပြင် မတရား အဖမ်းခံထားရတဲ့အချိန်တွေဘဝတွေအတွက် ပြန် တောင်တောင်းပန်ရအုံးမှာ”

— ဝန်ကြီးဒေါ်ဇင်မာအောင်

မေ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတာကို စစ်အုပ်စုခိုင်လုံတဲ့ သက်သေပြသခြင်းမရှိဘဲ ဓာတ်ပုံတပုံနဲ့ အချက်အလက်အချို့ကိုသာ နိုင်ငံရေးလှည့်ကွက်တခုအဖြစ် ထုတ်သုံးလာခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတဲ့ စစ်အုပ်စုက ဧပြီ ၃၀ရက်မှာ ကြေညာချက်တရပ်ထုတ်ပြန်ကာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ ထားရှိတယ်လို့ အသိပေးလာတဲ့အပေါ် NUG တာဝန်ရှိသူက ဒီကနေ့မနက်မှာ အခုလို ပြောပြတာဖြစ်ပါတယ်။

” လက်ရှိအခြေအနေက ဘာမှ ထူးခြားတဲ့ ပြောင်းလဲမှုမျိုး မဟုတ်ဘူးဆိုတာ အဓိက ပြောချင်တယ်။ စကားလုံးတွေနဲ့ ထုတ်ပြန်မှု အချို့နဲ့ နိုင်ငံရေးလှည့်ကွက်တခုကို ထုတ်သုံးတဲ့ သဘောလို့ပဲ ဒီလိုပဲ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မနေ့က ဆိုရင် အဓိကအားဖြင့် ဓာတ်ပုံတပုံကိုပဲသူတို့ ထုတ်ပြလိုက်တဲ့ သဘောပါပဲ။ ဓာတ်ပုံတပုံနဲ့ သတင်းအချက်အလက် အချို့ကလွဲလို့ ကျန်တာ ဘာမှ ရေရေရာရာ တိတိပပ မပါဘူး။ အဲဒီ ဓာတ်ပုံဆိုတာလည်း ဘယ်တုန်းက ရိုက်ထားတဲ့ ပုံလည်းဆိုတာ ကျနော်တို့က အတည်မပြုနိင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတယ်ဆိုတာကိုတောင်မှ ခိုင်လုံတဲ့ သက်သေပြချက်မဟုတ်ဘူးလို့ ဒီလိုပဲ သုံးသပ်တယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်မြင်တွေ့ရတာမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှု ရုပ်သံလည်းမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် မပါ စတာတွေကြောင့် အခု စစ်အုပ်စု ထုတ်ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဟာ သံသယပွားစရာဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

” ဒုတိယအချက်အနေနဲ့ အစကတည်းကဘာမှ အပြစ်မရှိတဲ့သူတွေကို မတရားဖမ်းဆီးအကျဉ်းချထားတာဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရမှာ ဖြစ်တယ်။ အဲဒါကို နိုင်ငံရေးအရ သူလိုချင်တက်မက်မှုတွေရှိလာတဲ့အခါ ဒီလိုပဲ ဟိုလျှော့ဒီလျှော့လုပ်တာမျိုးပေါ့ ဒါတွေက အကြမ်းဖက်စစ်တပ် စစ်ခေါင်းဆောင်တွေ တောက်လျှောက်ရှေ့မှာလည်းပဲ သမိုင်းမှာလည်းပဲ လုပ်ခဲ့ကြတဲ့ အနေအထားဖြစ်ပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သဘောထားရှိတဲ့ စကားလုံးသုံးပေမယ့် ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄) ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို ရောက်ရှိတယ်လို့ သတင်းမကြားရသလို ဒေါ်အောင်ဆန်းစုကြည်နေခဲ့တဲ့ နေပြည်တော် နှင်းဆီခြံမှာလည်း ရောက်တယ်လို့ မကြားရကြောင်း ပြောပါတယ်။

” အဲဒီတော့ဘယ်နေရာဆိုတာလည်း အခုအချိန်ထိ တရားဝင်မထုတ်ပြန်သေးဘူး ဘယ်သူမှလည်း မသိသေးဘူး”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးလှည့်ကွက်တခုကို သူ့တို့ရဲ့ လိုချင်တပ်မက်မှု တခုခု ရနိုင်ဖိုပ ထုတ်သုံးတဲ့ သဘောသာ ဖြစ်တယ်ဆိုတာ သတိထားကြရမယ်လို့လည်း သတိပေးပါတယ်။

” ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ရဲ့ တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ဖို့ အပါအဝင် ကျနော်တို့ရဲ့ ရည်မှန်းချက်တွေရှိပါတယ်။ ရည်မှန်းချက်တွေထုတ်ပြန်ထားပြီးဖြစ်တယ်။ ဒီရည်မျန်းချက်တွေ ရတဲ့အထိ တစိုက်မတ်မတ် ဆက်လက်ပြီးတိုက်ပွဲဝင်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုပဲNUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်းပဲ ဒီအပေါ်မှာ ဘာမှ ယိမ်းယိုင်ပြောင်းလဲသွားစရာမရှိဘဲနဲ့ ဝေဝါးသွားစရာမရှိဘဲနဲ့ ကျနော်တို့ ရည်မျန်းချက်တွေရတဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “အမှန်တကယ်ဆို မတရားသဖြင့် ဖမ်းဆီးထိမ်းသိမ်းခံထားရတာဖြစ်တဲ့ အတွက် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမယ့် အပြင် မတရား အဖမ်းခံထားရ တဲ့ အချိန်တွေ ဘဝတွေ အတွက် ပြန်တောင်တောင်းပန်ရအုံးမှာ။ အခုက ဓါတ်ပုံ ထုတ်ပြ တယ်ဆိုယုံ ၊ နေရာပြောင်းလဲ အကျယ်ချုပ်ကျခံ တယ်ဆိုတာ ( edited: နေအိမ်အကျယ်ချုပ် မဟုတ်) လှည့်ဖျားမှု နဲ့ ၊ ဓါးစားခံ လို ပြန်ပေးဆွဲ hostage diplomacy ကို ကျင့်သုံးနေခြင်း သာ ဖြစ်တယ်” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးကျဉ်းချခံနေရသူများ ခြွင်းချက်မရှိလွတ်မြောက် ရေး မှသည် မြန်မာတနိုင်ငံလုံး စစ်ဖိနပ်အောက်မှ လွတ်မြောက်ရေး ၊ ထို့ထက်ပို၍ ဖယိဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အဆင့်ဆင့်သော ပန်းတိုင်များ အတွက် ဆက်လက်အားတင်း ရုန်းကန်ကြရအုံးမယ်လို့လည်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားပြီးအားသစ်မွေး ကြိုးစားအားထုတ်ရမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သရော်စာ

သင်တို့ဆီကို သူလာနေပြီ။ သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊ မြေပြင်မှာ ပစ်ထားရင်မီးဟုန်းဟုန်းတောက်လောင်တဲ့ မြန်မာပြည်ဖွား ဗြဟ္မာ့ဦးခေါင်းကြီး သင်တို့ထံ လာနေပြီဖြစ်တဲ့အကြောင်း အချိန်မီ အသိပေးပါတယ်။ သတိကြီးကြီးထားကြဖို့ပါ။

သတင်း

ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင် တာဝန်ယူပြီး NUG ပညာရေးဝန်ကြီးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။