Connect with us

Hi, what are you looking for?

သတင်း

မြိုင်နဲ့ပေါက်က စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာလူထုမထိခိုက်စေတဲ့နည်းနဲ့ပြေလည်အောင် ဆွေးနွေးနေ​ကြောင်းNUG နဲ့ မကွေးဖက်ဒရယ်ယူနစ်ကြေညာ

မကွေးဖက်ဒရယ်ယူနစ် ၊ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေ နဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးလူထုမထိခိုက်စေတဲ့ နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ရေး အလေးထား ဆွေးနွေးခဲ့ကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

(ပါလက်စတိုင်း-ဗြိတိသျှ ဒါရိုက်တာ Saeed Taji Farouky က မကွေးတိုင်းမှာ ရိုက်ကူးခဲ့တဲ့ Semaine de la Critique ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်မှ​မ​ကွေးရှိ​ရေနံ​မှော်တစ်ခုမြင်ကွင်း)

ဧပြီ -၂၊၂၀၂၆။ထားမြတ်/People’s Spring

မကွေးဖက်ဒရယ်ယူနစ် ၊ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေ နဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးလူထုမထိခိုက်စေတဲ့ နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ရေး အလေးထား ဆွေးနွေးခဲ့ကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲကိုဧပြီ ၂ရက်မှာ ကျင်းပခဲ့တာဖြစ်ပြီး NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို ကြားကာလမကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌ နဲ့ တာဝန်ရှိသူ​တွေ တက်ရောက်ခဲ့ကြောင်း ​​ဖော်ပြထားပါတယ်။

“မြေပြင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို နားလည်မှုလွဲစေနိုင်သည့်၊ ရန်သူအကြမ်းဖက်စစ်တပ် အကြိုက်တွေ့စေမည့် ရေးသားမှုများ၊ထုတ်ပြန်မှုများကို မပြုလုပ်ကြရေး နှင့် ပြဿနာကို ပိုမိုကြီးထွားစေသည့် ဆောင်ရွက်ချက်များကိုလည်း ထိန်းကျောင်းကြရန် ဆွေးနွေးခဲ့ကြသည်။” လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုအစိုးရ နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး(Division of competences) နဲ့ ဆက်နွယ်နေသော ကိစ္စရပ်များဖြစ်လို့ ပြည်ထောင်စုအစိုးရနဲ့ ဖက်ဒရယ်ယူနစ်အကြား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအတူတကွတည်ဆောက်နိုင်ရေးဦးတည်ချက်ဖြင့် အဆင်ပြေမှုရရှိသည်အထိ စဉ်ဆက်မပြတ် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြဖို့လည်းသဘောတူဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ဆွေးနွေးညှိနှိုင်းမှုကတော့ မပြီးပြတ်သေးဘူး။ မပြီးပြတ်သေးဘူးဆိုတာက ဒီလိုပါ အချိန်မရတာနဲ့ အခြားဝန်ကြီးတွေကလည်း အခြားအရေးကြီးအစည်းအဝေး ရှိနေတော့ အစည်းအဝေးက ဆက်ပြီးတော့နောက်ရက်တွေမှာ ဆက်ဆွေးနွေးမှာပေါ့။”လို့ NUG ပြည်ထဲရေး ဒုဝန်ကြီး ဦးကျော်နီ က​ပြောပါတယ် ။

ဒါအပြင်ပြည်​ထောင်စုအစိုးရ နဲ့ ဖက်ဒရစ်ယူနစ်တို့ကြားသယံဇာတ စီမံခန့်ခွဲ​ရေးနဲ့ပတ်သက်ပြီး လွှဲ​ပြောင်း​ရေးလုပ်ငန်း​တွေလည်းအဆင်​ပြေ​တယ်လို့ကြားသိရ​ကြောင်း သူက​ပြောပါတယ်။”သိရသလောက်အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတဲ့ဟာက ဒီ လွဲပြောင်းရေးလုပ်ငန်းစဉ်တွေ ပေါ့နော် ပြည်ထောင်စုစီမံခန့်ခွဲမှုကို လွှဲပြောင်း နေတဲ့ဟာတွေ အဆင်ပြေနေတယ်လို့လည်း ကြားရပါတယ်” လို့သူကရှင်းပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook