Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုး ချင်းပြည် အစိုးရဆေးတက္ကသိုလ်ဖွင့်ပွဲ တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ဆောင်နေတဲ့ ဆေးတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်တာ ပြုလုပ်ခဲ့တယ်လို့ ချင်းပြည်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုး ချင်းပြည် အစိုးရဆေးတက္ကသိုလ်ဖွင့်ပွဲ တက်ရောက်နေစဉ်။ ဓာတ်ပုံ - GOC

ဧပြီ ၁၆၊၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ဆောင်နေတဲ့ ဆေးတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်တာ ပြုလုပ်ခဲ့တယ်လို့ ချင်းပြည်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာဇော်ဝေစိုးဟာ ချင်းပြည်ကောင်စီ၊ ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော် ခေါင်းဆောင်တာဝန်ရှိသူတွေနဲ့ ဧပြီ ၁၄ရက်က တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီတွေ့ဆုံမှုဟာ NUGနဲ့ ချင်းပြည်ကောင်စီ အကြား အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်တဲ့ ကိစ္စရပ်တွေ ၊ ချင်းပြည်ကောင်စီနဲ့ မဏ္ဍိုင် ၃ရပ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ NUG အစိုးရရဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေတွေ အပြန်အလှန် ဆွေးနွေးခဲ့ဟု ဖော်ပြထားပြီး အသေးစိတ် ဆွေးနွေးချက်တွေ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ချင်းပြည်အစိုးရဲ့ ဆေးတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ဒေါက်တာ ဇော်ဝေစိုး တက်ရောက်ခဲ့ပြီး အခမ်းအနားမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမှာစကား ပြောတာ၊ ထောက်ပံ့ငွေ ပေးတာ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒေါက်တာဇော်ဝေစိုးဟာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်မယူမီက NUG ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

ဒေါက်တာ ဇော်ဝေစိုးအနေနဲ့ ၂၀၂၅ ကတည်းက မြေပြင်ကွင်းဆင်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ဒေသ အပါအဝင် တော်လှန်ရေးနယ်မြေဒေသတွေကို သွားရောက် ကာ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
NUG ကျန်းမာရေးဝန်ကြီးဌာနဲ့ ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနတို့ဟာ အရင်ကတည်းက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

(NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုး ချင်းပြည် အစိုးရဆေးတက္ကသိုလ်ဖွင့်ပွဲ တက်ရောက်နေစဉ်။ ဓာတ်ပုံ – GOC)

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook