News ကျွန်းလှတွင် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရ၍ ၃၀ ခန့်သေနိုင်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန် "စစ်ခွေးတွေက အခု ကျွန်းလှနဲ့တန့်ဆည်ကို ဖိနေတာ။ ကျွန်တော်တို့ ရသလောက် ခံချနေတယ်။ မိုင်းပဒေ သာ ဆွဲလိုက်တာ စစ်ခွေးအနည်းဆုံး ၃၀တော့ သေနိုင်တယ်"ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ LuduNwayOoနိုဝင်ဘာ 6, 2021
News ချောင်းဦးနယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ ဒလန်တစ်ဦးအပါအဝင်ရှစ်ဦးသေဟု မြောင်PDF ထုတ်ပြန် တိုက်ပွဲ ဖြစ်စဥ်မှာ နိုဝင်ဘာ ၅ ရက်က ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာအား အကြမ်းဖက်စစ်တပ်က ကားနှစ်စီးအသုံးပြုကာ ဝင်ရောက်မွှေနှောက်ပစ်ခတ်ခဲ့မှုများ ပြုလုပ်ခဲ့သည်။ LuduNwayOoနိုဝင်ဘာ 6, 2021
News သြစတြေးလျနိုင်ငံရှိမြန်မာဘုန်းတော်ကြီးကျောင်းကစစ်အာဏာရှင်ဆန့်ကျင်ရေးရန်ပုံငွေ ချောင်းဦးPDFသို့လှူဒါန်း နိုဝင်ဘာ ၂ရက်က ပေးပို့လှူဒါန်းခဲ့သည့် ယင်းအလှူအတွက် ကျေးဇူးတင်ကြောင်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Chaung U PDF)က ယနေ့ ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 6, 2021
News ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဟု PDFထုတ်ပြန် စစ်ကောင်စီ၏ သေဆုံး၊ ဒဏ်ရာရတပ်သားများကို ပုလဲမြို့ရဲစခန်းက ကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟုလည်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ပြောသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ဖယ်ခုံ၌ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးဟု PDF ထုတ်ပြန် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး PDFနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဘက်က တစ်ဦးကျဆုံးခဲ့ကြောင်း ထပ်မံ၍ထုတ်ပြန် ဖော်ပြထားသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ကနေဒီတောင်ခြေတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား နှစ်ဦးသေဟုဆို ယနေ့(နိုဝင်ဘာ ၅ ရက်) ညနေ ၃နာရီခွဲတွင် နှစ်ဖက်ထိတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များဖြစ်သည့် CDF KKG (CDM Siyin) နှင့် PDF Zolandတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ပျူစောထီးတစ်ဦးနှင့်စစ်ကောင်စီသတင်းပေးအုပ်ချုပ်ရေးမှူးဟုဆိုသူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ အဆိုပါပျူစောထီးအဖွဲ့ဝင် နေအိမ်မှ လက်လုပ်သေနတ်နှစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျူစောထီးထွန်းဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပေါက်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း MGPDFက ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ပြည်သူ့ဘက်ရပ်ပါက လက်နက်ပါ၊ မပါနှင့် ရာထူးကြီးငယ်ပေါ်မူတည်ပြီး ကျပ်သိန်း ၃၀၀အထိ ချီးမြှင့်မည်ဟု ကောလင်းPDF ထုတ်ပြန် အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထုနှင့် ရပ်တည်ခွင့်မရသော ပြည်သူ့စစ်သည်များကို ပြည်သူလူထု အားလုံးနှင့် အတူ ကောလင်း PDF အနေဖြင့် အတက်နိုင်ဆုံး အကူအညီ အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ပြည်သူများ၏အသက်၊ အိုးအိမ်ကြောင့်ဖယ်ခုံတွင်မြို့တွင်းတိုက်ပွဲလတ်တလောမဆင်နွှဲသေးဟုPDF(ဖယ်ခုံ)ထုတ်ပြန် "ဒီကောင်တွေ(စစ်ကောင်စီတပ်)ဒီအတိုင်း နေရင်တောင် လက်နက်ကြီးနဲ့ ရောက်ချင်ရာရောက်ပစ်နေတာလေ။မြို့ပေါ် တိုက်ပွဲသာဖြစ်ရင်ကျွန်တော်တို့ ပြည်သူတွေဒီထက်ပိုဒုက္ခရောက်မှာစိုးလို့ ကြိုအသိပေးထားတာပါ"ဟု PDF (ဖယ်ခုံ) တာဝန်ရှိသူတစ်ဦးကပြောသည်။ LuduNwayOoနိုဝင်ဘာ 5, 2021
News ရေဦးမြို့နယ်၊ တင်းတမ်ရံရွာအဝင်တဲတွင် စု၍ဂိမ်းကစားပြီးစကားပြောနေသောလူငယ်များကို စစ်ကောင်စီတပ်ကဖမ်းဆီးကာPDF ဟုလုပ်ကြံဓါတ်ပုံရိုက်ဝါဒဖြန့် "ဘာ PDF မဟုတ်ပါဘူးဗျာ။ သူတို့မှာ လက်နက်ဆိုလို့ လေးခွတောင်မပါပါဘူး။ မနေ့က မိုးအေးအေးနဲ့ဆိုတော့ ကလေးတွေက ရွာထိပ်တဲမှာစုထိုင်ပြီး ဂိမ်းဆော့ စကားပြောနေကြတုန်း ရောက်လာပြီး ဖမ်းသွားတာပဲ"ဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 5, 2021