Connect with us

Hi, what are you looking for?

News

ပြည်သူ့ဘက်ရပ်ပါက လက်နက်ပါ၊ မပါနှင့် ရာထူးကြီးငယ်ပေါ်မူတည်ပြီး ကျပ်သိန်း ၃၀၀အထိ ချီးမြှင့်မည်ဟု ကောလင်းPDF ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထုနှင့် ရပ်တည်ခွင့်မရသော ပြည်သူ့စစ်သည်များကို ပြည်သူလူထု အားလုံးနှင့် အတူ ကောလင်း PDF အနေဖြင့် အတက်နိုင်ဆုံး အကူအညီ အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

People's Spring
People's Spring

အာဏာသိမ်းစစ်ကောင်စီ လက်လောက်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက် ရပ်တည်လာသော ပြည်သူ့စစ်သား ကောင်းများကို လက်နက်အပြည့်အစုံပါ၊မပါနှင့် ရာထူးကြီးငယ်အပေါ်မူတည်ပြီး ကျပ် ၅သိန်းမှ ကျပ်သိန်း ၃၀၀ အထိ ချီးမြှင့်မည်ဟု ကောလင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(KLPDF)က ယနေ့(နိုဝင်ဘာ၅) ထုတ်ပြန်သည်။

ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သားကောင်းများအား ပြည်သူက စေတနာအဖြစ် ပေးအပ်သော အထောက်အပံ့များအဖြစ် လက်နက်အပြည့်အစုံပါသော တပ်သားကို ကျပ်သိန်း ၅၀၊ လက်နက်အပြည့်အစုံပါ ဗိုလ်အဆင့်ကို ကျပ်သိန်း ၁၀၀၊ လက်နက်အပြည့်အစုံ ဒုတပ်ရင်းမှူးကို ကျပ်သိန်း ၂၀၀ ၊ လက်နက်အပြည့်အစုံပါ တပ်ရင်းမှူးကို ကျပ်သိန်း ၃၀၀ ပေးအပ်သွားမည်ဖြစ်ပြီး အလွတ်တပ်သားကို ကျပ် ၅သိန်း ပေးအပ်မည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထုနှင့် ရပ်တည်ခွင့်မရသော ပြည်သူ့စစ်သည်များကို ပြည်သူလူထု အားလုံးနှင့် အတူ ကောလင်း PDF အနေဖြင့် အတက်နိုင်ဆုံး အကူအညီ အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။