Connect with us

Hi, what are you looking for?

LuduNwayOo

News

သြစတြေးလျနိုင်ငံရှိမြန်မာဘုန်းတော်ကြီးကျောင်းကစစ်အာဏာရှင်ဆန့်ကျင်ရေးရန်ပုံငွေ ချောင်းဦးPDFသို့လှူဒါန်း

နိုဝင်ဘာ ၂ရက်က ပေးပို့လှူဒါန်းခဲ့သည့် ယင်းအလှူအတွက် ကျေးဇူးတင်ကြောင်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Chaung U PDF)က ယနေ့ ထုတ်ပြန်သည်။

သြစတြေးလျနိုင်ငံရှိ မြန်မာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းက ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ချောင်းဦး PDFထံသို့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးရံပုံငွေ ပေးပို့လှူဒါန်းခဲ့သည်။

သြစတြေးလျနိုင်ငံ Perthမြို့မှ မဂ်လာသုခဝိဟာရကျောင်းတိုက်မိသားစုက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအတွက် ကျပ်သုံးသိန်းသုံးသောင်းကိုချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပေးပို့လှူဒါန်းခြင်းဖြစ်သည်။

နိုဝင်ဘာ ၂ရက်က ပေးပို့လှူဒါန်းခဲ့သည့် ယင်းအလှူအတွက် ကျေးဇူးတင်ကြောင်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Chaung U PDF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချောင်းဦးမြို့နယ်အပါအဝင် မြို့နယ်အများစုသည် စစ်အာဏာရှင်အား ခုခံတော်လှန်စစ်ဆင်နွှဲရာတွင် တက်ညီလက်ညီရှိနေပြီး စစ်အာဏာရှင်အထိနာနေသည့် ဒေသဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။