Connect with us

Hi, what are you looking for?

News

သြစတြေးလျနိုင်ငံရှိမြန်မာဘုန်းတော်ကြီးကျောင်းကစစ်အာဏာရှင်ဆန့်ကျင်ရေးရန်ပုံငွေ ချောင်းဦးPDFသို့လှူဒါန်း

နိုဝင်ဘာ ၂ရက်က ပေးပို့လှူဒါန်းခဲ့သည့် ယင်းအလှူအတွက် ကျေးဇူးတင်ကြောင်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Chaung U PDF)က ယနေ့ ထုတ်ပြန်သည်။

သြစတြေးလျနိုင်ငံရှိ မြန်မာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းက ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ချောင်းဦး PDFထံသို့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးရံပုံငွေ ပေးပို့လှူဒါန်းခဲ့သည်။

သြစတြေးလျနိုင်ငံ Perthမြို့မှ မဂ်လာသုခဝိဟာရကျောင်းတိုက်မိသားစုက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအတွက် ကျပ်သုံးသိန်းသုံးသောင်းကိုချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပေးပို့လှူဒါန်းခြင်းဖြစ်သည်။

နိုဝင်ဘာ ၂ရက်က ပေးပို့လှူဒါန်းခဲ့သည့် ယင်းအလှူအတွက် ကျေးဇူးတင်ကြောင်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Chaung U PDF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချောင်းဦးမြို့နယ်အပါအဝင် မြို့နယ်အများစုသည် စစ်အာဏာရှင်အား ခုခံတော်လှန်စစ်ဆင်နွှဲရာတွင် တက်ညီလက်ညီရှိနေပြီး စစ်အာဏာရှင်အထိနာနေသည့် ဒေသဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။