Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်၊ တင်းတမ်ရံရွာအဝင်တဲတွင် စု၍ဂိမ်းကစားပြီးစကား​ပြော​နေ​သောလူငယ်များကို စစ်​ကောင်စီတပ်ကဖမ်းဆီးကာPDF ဟုလုပ်ကြံဓါတ်ပုံရိုက်ဝါဒဖြန့်

“ဘာ PDF မဟုတ်ပါဘူးဗျာ။ သူတို့မှာ လက်နက်ဆိုလို့ လေးခွတောင်မပါပါဘူး။ မနေ့က မိုးအေးအေးနဲ့ဆိုတော့ ကလေးတွေက ရွာထိပ်တဲမှာစုထိုင်ပြီး ဂိမ်းဆော့ စကားပြောနေကြတုန်း ရောက်လာပြီး ဖမ်းသွားတာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ်က လုပ်ကြံရိုက်ကူးထားသောပုံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ရွာအဝင်တဲတစ်လုံး၌ စုထိုင်ပြီး ဂိမ်းကစားကာ စကား​ပြော​နေ​သောလူငယ်များကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် PDFများဖမ်းမိသည်ဟုဆိုကာ လက်နက်များနှင့်အတူ လုပ်ကြံဖန်တီးဓာတ်ပုံရိုက်ပြီး သတင်းထုတ်ပြန်နေကြောင်း ဒေသခံများကပြောသည်။

ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာတွင် နိုဝင်ဘာလ ၄ ရက် နံနက် ၁ဝ နာရီ ဝန်းကျင်က ကျေးရွာအဝင်မူးရိုးအနီး တဲတစ်လုံးတွင် စုထိုင်နေကြသည့် လူငယ် ၉ ဦးအား စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များဖြင့်လာပြီး ဖမ်းဆီးသွားကြောင်း၊ ညနေပိုင်းတွင် စစ်တပ်ပိုင်မီဒီယာများမှ အဆိုပါဖမ်းဆီးခံရသည့် လူငယ်များအား PDFများဖမ်းမိသည်ဟုဆိုကာ လက်နက်များရှေ့ချပြီး လိမ်လည်ဓါတ်ပုံရိုက်ကာ သတင်းထုတ်ပြန်ခဲ့ကြောင်း ရေဦးဒေသခံများက ပြောသည်။

“ဘာ PDF မဟုတ်ပါဘူးဗျာ။ သူတို့မှာ လက်နက်ဆိုလို့ လေးခွတောင်မပါပါဘူး။ မနေ့က မိုးအေးအေးနဲ့ဆိုတော့ ကလေးတွေက ရွာထိပ်တဲမှာစုထိုင်ပြီး ဂိမ်းဆော့ စကားပြောနေကြတုန်း ရောက်လာပြီး ဖမ်းသွားတာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မတရားဖမ်းဆီးခြင်းခံရသူ ထိုလူငယ်အားလုံးသည်PDFအဖွဲ့အစည်းနှင့်သက်ဆိုင်ခြင်းမရှိသလို ပတ်သတ်ဆက်နွယ်ခြင်းလည်းမရှိကြောင်း၊ အပြစ်မဲ့သာမာန် အရပ်သားများဖြစ်ပြီး ဓါတ်ပုံသည်လည်း စစ်ကောင်စီမှ မတရားလုပ်ကြံ ဖန်တီးရိုက်ထားခြင်းသာဖြစ်ကြောင်း ဒေသခံများပြောသည်။

Public Service Announcement

Public Service Announcement

ရေဦးမြို့နယ် အပါအဝင် နယ်နိမိတ်ချင်းထိဆက်နေသော ဒီပဲယင်းနယ်၊ တန့်ဆည်နယ်များတွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook