News ကက(ဝယ်)ညွှန်မှူးရုံးဗုံးခွဲပြီး ပိုမိုပြင်းထန်သောတိုက်ခိုက်မှု ပြုလုပ်မည်ဟု နေပြည်တော် PDF သတိပေး အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် ယမန်နေ့ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ LuduNwayOoအောက်တိုဘာ 1, 2021
News ကနီမြို့နယ်တွင် ခြောက်လအတွင်း အာဏာသိမ်းစစ်ကောင်စီကိုခုခံတော်လှန်ရင်း ပြည်သူ့ရဲဘော် ၃၆ ဦးကျဆုံးကြောင်းကနီ PDF ထုတ်ပြန် ၂၀၂၁ ခုနှစ်၊ ဧပြီလ မှ ယနေ့အထိ ကနီမြို့နယ်အတွင်းနှင့်ကနီမြို့နယ်စပ်ဒေသများ၌ အကြမ်းဖက်စစ်ကောင်စီ၏ တပ်များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ပြည်သူ့တော်လှန်ရေးရဲဘော် (၃၆) ဦး ကျဆုံးခဲ့ရကြောင်း ကနီ PDF ကအသိပေးသည်။ LuduNwayOoစက်တင်ဘာ 30, 2021
News ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်ရေယာဉ်ကို မုံရွာနှင့် ကနီ PDFပူးပေါင်းအဖွဲ့က တိုက်ခိုက် အဆိုပါတိုက်ခိုက်မှုကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF တပ်ဖွဲ့များဘက်က ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoစက်တင်ဘာ 30, 2021
News စစ်ရေးတင်းမာနေ၍ဂန့်ဂေါနှင့်အခြားမြို့သို့ သွားသည့် လမ်းများကို ငါးရက်ကြာသွားလာခြင်းမပြုရန် PDF သတိပေး စစ်ရေးတင်းမာမှုများကြောင့် ပုလဲ-ဂန့်ဂေါလမ်း၊ ထီးလင်း -ဂန့်ဂေါလမ်း၊ ဂန့်ဂေါ-ဟာခါးလမ်း၊ ဂန့်ဂေါ -ကလေးလမ်း များသို့ စက်တင်ဘာ ၂၇ရက်မှ အောက်တို ဘာ ၁ရက်နေ့အထိ လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုရန် သတိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoစက်တင်ဘာ 27, 2021
News စစ်ကောင်စီ၏သတ်ဖြတ်မှုခံခဲ့ရသော ပြည်သူသုံးဦးမိသားစုအတွက် မြိုင် PDFက ကျပ်ငါးသိန်းစီထောက်ပံ့ သေဆုံးသူ သုံးဦးအနက်တစ်ဦးသည် မီးရှိူ့သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များသည် အေးချမ်းသာစံပြရွာရှိ ဆိုင်ကယ်များနှင့် ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြော သည်။ LuduNwayOoစက်တင်ဘာ 27, 2021
News လွိုင်ကော် PDF ရဲဘော်သူရဲကောင်းခိုးခို၏ စျာပနမြင်ကွင်း ရဲဘော်ခိုးခိုသည် ပြည်သူလူထုကိုကာကွယ်ရန် ရှေ့တန်းတွင် သတ္တိရှိစွာ တိုက်ပွဲဝင်ရင်း အသက်ပေးကျဆုံးရခြင်း ဖြစ်သည်။ ကျဆုံးခဲ့သည့် ရဲဘော်ခိုးခိုအား အလေးပြု စျာပနပြုလုပ်နေသည့် မြင်ကွင်းများကို PDFက ထုတ်ပြန်ထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။ LuduNwayOoစက်တင်ဘာ 27, 2021
News တန့်ဆည်PDFက ပြည်သူများသတိပြုရန် အချက်များထုတ်ပြန် တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်များသည် နေ့စဥ် ရွေ့လျားစစ်ဆေးနေပြီး အထူးသဖြင့် လူငယ်များအား ပိုမိုစစ်ဆေးနေကြောင်း၊ ကားအတွင်း၊ ဆိုင်ကယ်တူးဘောက်စ်အတွင်းနှင့် ဖုန်းများပါမကျန် တင်းကျပ်စွာ စစ်ဆေးနေသည်ဟု တန့်ဆည် ဒေသခံများက ပြောသည်။ LuduNwayOoစက်တင်ဘာ 27, 2021
News စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်နေ၍ ပြည်သူများပုန်းခိုကျင်းများတူးထားရန်နှင့် တိုက်ပွဲဧရိယာနှင့်ဝေးရာသို့တိမ်းရှောင်ကြရန် ပင်လည်ဘူး PDF ထုတ်ပြန် "မိမိတို့ PDF တွေအနေနဲ့ တိမ်းရှောင်နိုင်ပေမဲ့ ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားကြရန်နှင့် တိုက်ပွဲဖြစ်သော နေရာများနဲ့ ဝေရာသို့ တိမ်းရှောင်ကြရန် တိုက်တွန်းလိုပါတယ်"ဟု တိုက်တွန်းထားသည်။ LuduNwayOoစက်တင်ဘာ 27, 2021
News စစ်ကောင်စီနှင့် ပတ်သက်သူများကို စုံစမ်းမှတ်တမ်း တင်ထားပြီးဖြစ်ဟု ကလေးနှင့် Zoland PDF နှစ်ဖွဲ့ သတိပေးထုတ်ပြန် ကလေးနှင့် Zoland ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုအကြား မဟာမိတ်အဖြစ် ပူးပေါင်းလှုပ်ရှားမည်ဖြစ် ကြောင်း စက်တင်ဘာ ၂၆ရက်က ကြေညာရာတွင် ယင်းသို့ ထည့်သွင်းထုတ်ပြန်ခဲ့သည်။ LuduNwayOoစက်တင်ဘာ 26, 2021
News တစ်နိုင်ငံလုံးရှိ PDF များတစ်ပြိုင်နက်စစ်မျက်နှာဖွင့်ပေးရန် ပင်လယ်ဘူး PDFတောင်းဆို "အခုလို အချိန်မှာမှ နယ်အနှံ့က ရုန်းမထရင် တစ်နယ်ချင်းကို စကစက ကောက်စားနေပါလိမ့်မယ်။တစ်ပြည်လုံးက အုံကြွမှသာ တော်လှန်ရေးက အောင်မြင်မှာပါ" ဟု PPDFက ထုတ်ပြန်ထားသည်။ LuduNwayOoစက်တင်ဘာ 26, 2021