Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူကို နှိပ်စက်ညှင်းပန်းနေသောစစ်ကောင်စီခန့် ရပ်/ကျေးအုပ်ကြီးများ၊ စာရေးများ၊ ဝန်ထမ်းများကို PDF ကနီနောက်ဆုံးအကြိမ်သတိပေး

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အားပေးကူညီသူများသို့နောက်ဆုံးအကြိမ် ကြိုတင်သတိပေးခြင်းဟု ရေးသားထားသည့် ကြေညာချက်အား ယနေ့( အောက်တိုဘာလ၁၃ ရက်)တွင် ကနီ PDFက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ပြည်သူလူထုကို နည်းအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်နေသည့် စစ်ကောင်စီခန့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ စာရေးများနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ကိုယ့်ထိုက်နှင့်ကိုယ့်ကံသာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) People’s Defense Force (Kani)က သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အားပေးကူညီသူများသို့နောက်ဆုံးအကြိမ် ကြိုတင်သတိပေးခြင်းဟု ရေးသားထားသည့် ကြေညာချက်အား ယနေ့( အောက်တိုဘာလ၁၃ ရက်)တွင် ကနီ PDFက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ ခန့်အပ်သော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စု စာရေးများသည် အကြမ်းဖက် စစ်ကောင်စီ၏ အခွန်ငွေတိုးလာရေးအတွက် အခွန်ငွေ ၊ လိုင်စင်အရပ်ရပ်ငွေ ကောက်ခံရာတွင်ပါဝင်ကူညီခြင်း ၊ အမြန်ရေယာဉ်များ၊ မော်တော်များ ၊ ကုန်ကားများကို မတရားငွေကြေးကောက်ခံရာတွင် ပါဝင်ခြင်း ၊ သစ်ပွဲစား သစ်ကုန်သည်များနှင့် ပူးပေါင်း၍ ငွေကြေးတံစိုး လက်ဆောင်များရှာဖွေပေးခြင်း ၊ နှစ်လုံး သုံးလုံး လောင်းကစား ရောင်းချသူများထံမှ ငွေကြေးတောင်းခံပေးရာတွင် ပါဝင်ခြင်း ၊ ပြည်သူလူထု၏ ကိုယ်စိတ်ပင်ပန်းအောင် ဧည့်စာရင်းစစ်ဆေးရာ ၊ နေအိမ်များသို့မတရားရှာဖွေရာတွင်ပါဝင်ခြင်း ၊ ပြည်သူလူထု၏ လုံခြုံရေးကို ချိုးဖောက်၍ အကြမ်းဖက်စစ်ကောင်စီ၏ လိုအပ်သော သတင်းအချက်အလက်နှင့် မှတ်တမ်းများ ကောက်ယူရာတွင် ပါဝင်ခြင်းများရှိကြောင်း ကျွန်ုပ်တို့တပ်ဖွဲ့က စုံစမ်းလေ့လာ သိရှိပြီးဖြစ်ကြောင်း ကနီ PDFက ပြောသည်။

အချို့သော အကြမ်းဖက်စစ်ကောင်စီ ခန့်အပ်သည့် ရပ် /ကျေးအုပ်ချုပ်ရေးမှူးများသည် ရပ်ရွာနေ ပြည်သူလူထုအား ပြည်သူနှင့်ပူးပေါင်းသည်ဟု ကြေညာပြီး ဒေသခံ ဒလန်များ ၊ ပျူစောထီးများကို အသုံးချ၍ အထက်ပါလုပ်ငန်းများ လုပ်ဆောင်ရန် အဝေးမှ စီစဉ်ညွှန်ကြား ဆောင်ရွက်နေကြောင်း ကျွန်ုပ်တို့ တပ်ဖွဲ့မှ အသေးစိတ်မှတ်တမ်းများနှင့်တကွ စုံစမ်းလေ့လာသိရှိပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ကနီမြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် CDM ဝင်ရောက်သည့် ပြည်သူ့ဝန်ထမ်းများကို ပြည်သူ့အစိုးရလက်ထက်က
ကိုဗစ် ချေးငွေများ ပြန်လည်ပေးဆောင်ရန် အမျိုးမျိုးဖိအားပေး၍ မတရားငွေတောင်းနေသော ဌာနများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငွေတောင်းရန်အားပေးသော အကြမ်းဖက်ဝန်ထမ်းများ၏ စာရင်းကို ကျွန်ုပ်တို့တပ်ဖွဲ့မှ လေ့လာသိရှိပြီးဖြစ်ကြောင်းလည်းပါရှိသည်။

ကျွန်ုပ်တို့ တပ်ဖွဲ့အနေနှင့် အဆိုပါ ကိစ္စရပ်များကိုမလုပ်ဆောင်ရန်အကြိမ်ကြိမ် အသိပေးကြေညာခဲ့ပြီး ပြည်သူနှင့်အတူ ပူးပေါင်းရန် အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ကြိုဆိုခဲ့ကြောင်း၊ ဤသည်ကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ စာရေးများ ၊ အားပေးကူညီသူများသည် ပြည်သူလူထုနှင့် ပြည်သူ့ဝန်ထမ်းများအပေါ် မတရားမှု့များ များစွာ ပြုလုပ်လာပြီဖြစ်ရာ အသင်တို့၏ လုပ်ရပ်အတွက် အသင်တို့ ထိုက်နှင့် အသင်တို့ ကံသာဖြစ်ကြောင်း နောက်ဆုံးအကြိမ် ကြိုတင် သတိပေးကြေညာအပ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)PDF(Kani)က သတိပေးထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။