Connect with us

Hi, what are you looking for?

News

ချောင်းဦးPDFကစစ်ကောင်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး၊ဒဏ်ရာရသူများ

တိုက်ခိုက်ခံခဲ့ရသည့်အရှိန်ကြောင့် ယာဉ်တန်းတစ်တန်းလုံး လမ်းကြောပိတ်ဆို့ခြင်းများ ရှိခဲ့ကြောင်း ချောင်းဦး PDF ကပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ(၁၁)ရက်၊ နံနက် ၄နာရီ ၂၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်ချောင်းဦး-ရေစကြိုလမ်းမကြီး၊မှန်ချိုကျေးရွာအကျော်တွင် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)
မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများစီးနင်းလာသော ယာဉ်တန်း အား ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ (၂)စီးမှာ မှာ ဘယ်ဘက်တစ်ခြမ်းလုံးစုတ်ပြတ်ထိခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက် အကျအဆုံးများခဲ့ကြောင်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်ခံခဲ့ရသည့်အရှိန်ကြောင့် ယာဉ်တန်းတစ်တန်းလုံး လမ်းကြောပိတ်ဆို့ခြင်းများ ရှိခဲ့ကြောင်း ချောင်းဦး PDF ကပြောသည်။

ယာဥ်တန်းတွင် ကားအစီးရေ ၂၅ စီးဝန်းကျင်ခန့်ရှိပြီး အခင်းဖြစ်ပွားပြီးနောက် ထပ်တိုးရဲကားနှင့်စစ်ကားများ လိုက်လာပြီး၊အခင်းဖြစ်ရာ မှန်ချိုကျေးရွာအနီးတွင် တောနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၀ ရက်ကလည်း မန္တလေးနှင့် မုံရွာလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်းကို ချောင်းဦး PDF အပါအဝင် ဒေသခံတော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့က ဗုံးခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံး ၊ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ယမန်နေ့ညပိုင်း ၁၂ နာရီဝန်းကျင်ကလည်း အဆိုပါ ချောင်းဦး-ရေစကြိုလမ်းမပေါ်တွင် ပခုက္ကူဘက်မှ ချောင်းဦးဘက်သို့ လမ်းကြောရှင်းလင်းရန် လာသော အင်အားအပြည့်ပါသည့် စစ်ကားတစ်စီးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF) ၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ChuPDF) နှင့် 27 Revolution Force(မြင်းခြံ) တို့ မဟာမိတ်များ ပူးပေါင်း၍ ပဒေသာအတွဲ (၂)တွဲဖြင့် ချောင်းဦးမြို့နယ် မထိသာကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။