Connect with us

Hi, what are you looking for?

News

ယင်းမာပင်မြို့နယ် ဖိုလ်ဝင်းတောင်အနီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှသေဆုံးမှုရှိ

ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ယင်းမာပင် PDF တပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်ကို မဇ္ဇျိမသတင်းဌာနက ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ယင်းမပင်မြို့နယ် ဖိုလ်ဝင်းတောင် အနီးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုရှိကြောင်း ကြားသိရသည်ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။

“ဖြစ်တာကတော့ ၈ခွဲကျော်လောက်မှာ ဟုတ်တယ်တဲ့။ ဘယ်လောက်အသေအပျောက်ရှိတယ်ဆိုတာကတော့ မသိရဘူး။ မိုင်းဆွဲပြီးတိုက်ခိုက်တာလို့တော့ သတင်းက အတိအကျရတယ်။ မုံရွာနဲ့ ယင်းမာပင်အကြားလို့ ပြောလို့ရတယ်။ ဖိုလ်ဝင်းတောင် အနီးလို့ ပြောရင် ပိုပြီး သဘာ၀ကျတယ်။ဖိုလ်ဝင်းတောင်သွားတဲ့ လမ်းဘေးမှာ ဖြစ်တာပဲ” ဟု ယင်းမာပင်ဒေသခံက ပြောသည်။

ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ယင်းမာပင် PDF တပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်ကို မဇ္ဇျိမသတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုနောက်ပိုင်း၌ ပစ်ခတ်မှုများဖြစ်ခဲ့၍ လမ်းသွားလမ်းလာအချို့ကို စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်က ယာယီတားဆီးခဲ့ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီဘက်အခြေအနေကတော့ တပ်ကုန်းကနေ ပြန်လာပြီး ငုတ်တုပ်ထိုင်ခိုင်းပြီး စစ်သားတွေက ကျွန်တော့်ကို ပြောလိုက်တာက နောက်ရက် စျေးဝယ်တို့ မုံရွာဘက်သွားတာတို့ အဲဒါမျိုးတွေလုံး၀မလာဖို့ရာ ကျွန်တော်တို့ကို ပြောလွတ်လိုက်တာပဲ။ ရွှေတောင်ဦး ဂိတ်ကနေ လာသမျှ ဆိုင်ကာတွေ အကုန်စီးတားပြီး နောက်ရက်ကို စျေးဝယ် တို့ ထမင်းကျန်ဟင်းကျန်အယူ၊ နွားစာရိတ်တာတို့အဲဒါမျိုးတွေ မလာကြဖို့ရာ ပြောတာ” ဟု ဒေသခံက ပြောသည်။

ယင်းမာပင်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်များ၌ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ယာဉ်တန်းများမကြာခဏ မိုင်းဆွဲတိုက်ခိုက် ခံရကာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်