Hi, what are you looking for?
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် မင်းအောင်လှိုင်လက်ပါး စေ အကြမ်းဖက်စစ်သားများသည် ချင်းဆိုင်ရွာဘက်သို့ ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်ကာ မိုင်းထိမှန်ထားသော ယာဉ်များကို ချန်ရစ်ပြီး ကျန်ယာဉ်များပေါ်သို့ ရုပ်အလောင်းများ တင်ဆောင်ကာ ကလေးမြို့တွင်းသို့ အမြန်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။
ကချင်လက်နက်ကိုင်အဖွဲ့(KIA) ကြီးကြပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးကျော်ထပ်မံသေဆုံး၍ တိုက်ပွဲနှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာန၏ နေ့စဉ်စစ်ရေးသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယနေ့ (စက်တင်ဘာ ၂၄ရက်) နေ့လည် ၁၁နာရီ ၅၀မိနစ်တွင် ပင်လည်ဘူးမြို့နယ် အင်္ဂါးကျေးရွာ နှင့်...