Connect with us

Hi, what are you looking for?

ဗီဒီယို

ချောင်းဦးPDF က စစ်​ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံး၊ ဒဏ်ရာရသူများ (ရုပ်သံ)

ယာဥ်တန်းတွင် ကားအစီးရေ ၂၅ စီးဝန်းကျင်ခန့်ရှိပြီး အခင်းဖြစ်ပွားပြီးနောက် ထပ်တိုးရဲကားနှင့်စစ်ကားများ လိုက်လာပြီး၊အခင်းဖြစ်ရာ မှန်ချိုကျေးရွာအနီးတွင် တောနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ​ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့- PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ရာစစ်​ကောင်စီတပ် ထိခိုက်ကျဆုံးမှုများကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ(၁၁)ရက်၊ နံနက် ၄နာရီ ၂၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်ချောင်းဦး-ရေစကြိုလမ်းမကြီး၊ မှန်ချိုကျေးရွာအကျော်တွင် မုံရွာ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများစီးနင်းလာသော ယာဉ်တန်း အား ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ (၂)စီးမှာ မှာ ဘယ်ဘက်တစ်ခြမ်းလုံးစုတ်ပြတ်ထိခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက် အကျအဆုံးများခဲ့ကြောင်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်ခံခဲ့ရသည့်အရှိန်ကြောင့် ယာဉ်တန်းတစ်တန်းလုံး လမ်းကြောပိတ်ဆို့ခြင်းများ ရှိခဲ့ကြောင်း ချောင်းဦး PDF ကပြောသည်။

ယာဥ်တန်းတွင် ကားအစီးရေ ၂၅ စီးဝန်းကျင်ခန့်ရှိပြီး အခင်းဖြစ်ပွားပြီးနောက် ထပ်တိုးရဲကားနှင့်စစ်ကားများ လိုက်လာပြီး၊အခင်းဖြစ်ရာ မှန်ချိုကျေးရွာအနီးတွင် တောနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

​အောက်တိုဘာ ၁၀ ရက်ကလည်း မန္တ​လေးနှင့် မုံရွာလမ်း​ပေါ်တွင် ​စစ်​ကောင်စီယာဥ်တန်းကို ​ချောင်းဦး PDF အပါအဝင် ​ဒေသခံ​တော်လှန်​ရေးအဖွဲ့ ၁၀ ဖွဲ့က ဗုံးခွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင်အများအပြား​သေဆုံး ၊ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ယမန်နေ့ညပိုင်း ၁၂ နာရီဝန်းကျင်ကလည်း အဆိုပါ ချောင်းဦး-ရေစကြိုလမ်းမပေါ်တွင် ပခုက္ကူဘက်မှ ချောင်းဦးဘက်သို့ လမ်းကြောရှင်းလင်းရန် လာသော အင်အားအပြည့်ပါသည့် စစ်ကားတစ်စီးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF) ၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ChuPDF) နှင့် 27 Revolution Force(မြင်းခြံ) တို့ မဟာမိတ်များ ပူးပေါင်း၍ ပဒေသာအတွဲ (၂)တွဲဖြင့် ချောင်းဦးမြို့နယ် မထိသာကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook