Hi, what are you looking for?
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ပအိုဝ်းတိုင်းရင်းသားများ တိမ်းရှောင်နေသည့်စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ်အဖွဲ့ PNOက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ် အပါအဝင် သေဆုံးထိခိုက်သူများရှိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။