Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ်သို့စစ်တပ်နှင့် PNO ပြည်သူ့စစ် ထိုးစစ်​ကြောင့်ပြည်သူ​သောင်းချီစစ်​ဘေး​ရှောင်

စစ်​ဘေး​ရှောင်ပြည်သူ ​လေး​သောင်း​ကျော်အတွက်လူသားချင်းစာနာ​ထောက်ထားမှုအကူအညီများလိုအပ်​နေ​ကြောင်း IEC ထုတ်ပြန်

စစ်တပ်နှင့် PNO ပြည်သူ့စစ် ပူး​ပေါင်းစစ်​ကြောင်းထိုးလာ၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောပြည်သူများ ။ဓါတ်ပုံ-ကရင်နီပြည်စစ်​ဘေး​ရှောင် ကူညီ​စောင့်​ရှောက်​ရေးကွန်းယက်၊CJ

ဇွန်-၁၇၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီ က အင်အားအလုံးအရင်းဖြင့် ဦးတည်စစ်ကြောင်းထိုးလာ၍ ​ဒေသခံပြည်သူ သောင်းနှင့်ချီ၍စစ်ဘေးတိမ်း​ရှောင်နေသည်။

ထို့ကြောင့် စစ်ဘေးသင့်ပြည်သူ ၄၀,၀၀၀ ဝန်းကျင်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးနှင့် နေရာချထားနိုင်ရေး အတွက် က ရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကဇွန်လ ၁၆ ရက်​​နေ့တွင် အကူအညီတောင်းသည်။

ဇွတ်လဆန်းပိုင်းကစ၍ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း လွယ်ပေါအုပ်စုမှတစ်ဆင့် စစ်ကောင်စီ၏ ထိုးစစ်များကြောင့် စစ်ဘေးသင့်သည့် ကျေးရွာအုပ်စု ငါးခုတွင်အိမ်ထောင်စု ၇,၀၀၀ ထိရှိသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

စစ်တပ် နှင့် ပြည်သူ့စစ် ပူး​ပေါင်း၍ စစ်ကြောင်းထိုးမှုကြောင့်တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေပြီး မြေပြင်စစ်​ကြောင်းများအပြင် လက်နက်ကြီးပစ်ခတ်မှုများ နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများရှိသည်။

စစ်ရေးအချက်အလက်များအရစစ်တပ်နှင့် PNO ပြည်သူ့စစ် တို့ပူးပေါင်း၍အင်အား(၁,၀၀၀) ဝန်းကျင်ဖြင့် ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“တိုက်ပွဲကတော့တော်တော်ပြင်းထန်နေတယ်။ကျွန်တော်တို့ရဲအတွေအကြုံအရဆိုစစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေနေခဲ့တဲ့နေရာရွာတွေရောက်လာရင်စစ်ကောင်စီက သတ်ဖြတ်မီးရှို့တာတွေလုပ်နေကြဆိုတာသိကြတော့လူထုကစစ်ဘေးမရှောင်ချင်လည်းရှောင်နေရတယ်”ဟု ဖယ်ခုံမြို့နယ်စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

လက်ရှိစစ်ရှောင်နေရသည့် ရွာအုပ်စုစာရင်းများအရ ဆောင်နန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နမ်းဆွတ် နှင့် ပိန်းနဲကုန်းတို့ ဖြစ်ကြောင်း ၎င်းက အသိပေးသည်။

“ဖယ်ခုံမြို့နယ်တစ်ကြောလုံးကိုပြန်စိုးမိုးမယ်။ပြီးရင်အဲဒီစစ်ကြောင်းနဲ့ မိုးဗြဲကိုထပ်လုံးဖို့ရှိနိုင်တယ်။အဲဒါက လိုတော့လိုတယ်ဆိုပေမယ့် ဖြစ်လာနိုင်တယ်။နောက်တစ်ချက်က ကျွဲကူးရေပါ ဆိုသလို စစ်ရှောင်ပြည်သူတွေက စစ်မဖြစ်တဲ့ သူတို့အုပ်ချုပ်တဲ့နေရာဆီကို တွန်းပို့ချင်တာလည်း စကစ ရဲ့အကြံအစည်တစ်ခုပဲ”ဟု ကရင်နီစစ်​ရေးအရင်းအမြစ်က ပြောသည်။

အရပ်သားပြည်သူများအနေဖြင့်ဘေးလွတ်ရာသို့ ပြောင်းရွေ့နေကြပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏လူသားချင်းစာနာထောက်ထားရေးနှင့်ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန- အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲတို့သည် အရပ်ဖက်အဖွဲ့အစည်းများ၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကနဦးတုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပံ့ပိုးကူညီမှုများကို လုပ်ဆောင်နေကြောင်း IEC က ထုတ်ပြန်သည်။

သို့သော် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီလိုအပ်ချက်များမှာ အလွန်ကြီးမားနေဆဲ ဖြစ်သည့်အပြင် စစ်ပဋိပက္ခကို အကြောင်းပြုလျက် ပြည်သူများလိုအပ်နေသော လူသားချင်းစာနာထောက် ထားရေး အကူအညီများကို နည်းမျိုးစုံဖြင့် အာ ဏာသိမ်းစစ်တပ်က ထိန်းချုပ်ကန့်သတ်နေကြောင်း အသိပေးသည်။

“စစ်ကောင်စီဘက်ကလူသားချင်းစာနာထောက်ထားတဲ့အကူအညီလမ်းကြောင်းတွေ ကိုစဥ်ဆက်မပြတ်ဖျက်ဆီးပိတ်ဆို့နေတာရှိတော့။အကူအညီတွေ ဒီ့ထက်မက လိုအပ်နေတယ်ဆိုတာ ပြောလိုပါတယ်။လူသားချင်းစာနာထောက်ထားမှုကပိုကြပ်တည်းလာတယ်။ပိုလိုအပ်လာတယ်။ရှိရင်းစွဲသူတွေကလည်းလိုအပ်ချက်တွေဆက်ရှိနေတယ်”ဟု IEC တွဲဖက်အတွင်းရေးမှူးဦးဗညားက​ပြောသည်။

စစ်ဘေးသင့်ပြည်သူများကြုံတွေ့နေရသော စိန်ခေါ်မှုများကို နိုင်ငံတကာမှ သိရှိပြီး လူသားချင်းစာနာထောက်ထားမှုဖြင့်ပြည်သူလူထု၏ဘေးကင်းလုံခြုံ ရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးလုပ်ငန်းများတွင် ထပ်မံတိုးမြှင့်ပံ့ပိုးကူညီပေးရန် မေတ္တာရပ်ခံထားသည်။

စစ်တပ်စစ်​ကြောင်းများ​ကြောင့် ထွက်​ပြေး​နေရ​သော စစ်ရှောင်ပြည်သူ ၄၀ ,၀၀၀ ခန့်အတွက် တစ်လစာ စားနပ်ရိက္ခာ ၊ ယာယီတဲဆောက်လုပ်နေထိုင်ရန် အမိုးအကာ အတွက်နှင့်တကိုယ်ရေးသန့်ရှင်းရေးသုံးပစ္စည်းများအတွက် စုစု ပေါင်း ဒေါ်လာတစ်သန်းကျော်လိုအပ်ကြောင်း IEC က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။