Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်က ဘောရန်ရွာကို PNOပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘောရန်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားတွေက မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Screenshot

အောက်တိုဘာ-၁၄၊ ၂၀၂၅။မိုမို/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘောရန်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားတွေက မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘောရန်ရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို PNOပြည်သူ့စစ်သားတချို့က သူတို့ရဲ့ TikTok လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

ဖယ်ခုံမြို့နယ် အနောက်ခြမ်းက ခေါင်းအီကျေးရွာ အုပ်စုထဲက ဘောရန်းရွာကို မနေ့က ညနေပိုင်းမှာ PNOနဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“Paoh Khan” အမည်နဲ့ PNO တပ်သားက PDFတွေ နေခဲ့တဲ့ရွာဖြစ်လို့ မီးရှို့ခဲ့တာလို့ သူရဲ့ရုပ်သံမှတ်တမ်းအောက်မှာ မှတ်ချက်ပေးထားပါတယ်။

“ဘာတိုက်ပွဲမှ မဖြစ်ဘူးလေ။ဒီအတိုင်းကို ဝင်ရှို့တာ။ရွာလယ်ပိုင်းက အိမ်ကြီးအိမ်ကောင်တွေ အကုန် ကုန်ပြီ”လို့ ဘောရန်ရွာခံတစ်ဦးက ပြောပါတယ်။

လူဦးရေ ၄,၀၀၀ဝန်းကျင်ရှိတဲ့ ဘောရန်ကျေးရွာမှာ တဝက်လောက်က ပအိုဝ်းလူမျိုးတွေ ဖြစ်ပြီး ကယန်းလူမျိုးတွေ လည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့ လာနေတာသတင်းရလို့ ​ဒေသခံတွေအကုန်စစ်ရှောင်ရတယ်။အခု​ ရွာထဲက ပြည်သူတွေကျန်ခဲ့တဲ့ပစ္စည်းတွေအကုန်လုံး နီးပါးယူသွားကြတယ်”လို့ ဖယ်ခုံ မြို့နယ်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရှောင်ဦးရေများလာတာနဲ့ အရေးပေါ် ထွက်ပြေးလာရတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခါ၊နေရာထိုင်ခင်းနဲ့ ဆေးဝါးအကူအညီတွေလိုနေတယ်လည်း သူက အသိပေးပါတယ်။

အောက်တိုဘာ ၁၀ ရက်က ခေါင်းအီကျေးရွာ အုပ်စုထဲက မြောက်စလုံးရွာကို မီးရှို့ခဲ့တဲ့အကြောင်း PNO တပ်သားတချို့က သူတို့ရဲ့ TikTokမှာ ဖော်ပြခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ လက်ရုံးတပ်သဖွယ်ဖြစ်လာတဲ့ ပအိုဝ်းပြည်သူ့စစ်တွေက ဖယ်ခုံမြို့နယ် အရှေ့တောင်ဘက်ခြမ်းက ကျေးရွာ လေးရွာထက်မနည်းကို အခုနှစ်ဝက်လောက်က မီးရှို့ခဲ့တယ်လို့လည်း ဒေသခံသတင်းရင်းမြစ်အချို့က ဆိုပါတယ်။

” အိမ်တွေကို မီးရှို့တာ ဘယ်သက်သေမှရှာစရာမလိုဘူး။သူတို့ကိုယ်တိုင် တစ်တော့(TikTok)မှာတင်နေကြတယ်”လို့ ရှမ်းပြည်တောင်ပိုင်း သတင်းရင်းမြစ်က ပြောပါတယ်။

ပအိုဝ်းပြည်သူ့စစ်PNOကဟိုပုံး၊ဆီဆိုင်၊ပင်လောင်းမြို့နယ်တွေမှာ တပ်သားသစ် အလုံးအရင်းစုဆောင်းပြီး စစ်ကောင်စီအတွက် ရှမ်းတောင်နဲ့ ကရင်နီမှာ အင်အားဖြည့်ပေးနေတယ်လို့လည်း သိရပါတယ်။

ကရင်နီနဲ့ ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်၊မိုးဗြဲမြို့ဘက်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းစစ်ရေးလှုပ်ရှားတာတွေနဲ့ ကျေးရွာတွေကို မီးရှို့နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အောက်တိုဘာ ၁၃ရက်က ထုတ်ပြန်ထားပါတယ်။

ရုပ်သံ – Karenni Hope

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။