News ဒီးမော့ဆိုနှင့် လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီဘက်ကခုနှစ်ဦးသေပြီး ကိုးဦးဒဏ်ရာရ၊ KNDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး ဒီမောဆိုမြို့နယ်၊ ဝပ်လထွားကျေးရွာနှင့်လွိုင်ကော်မြို့နယ်၊ ကနန်းကွယ်ရွာ နှင့် ရေကန်ရွာကြားတွင် ဒီဇင်ဘာ ၁၅ရက်နှင့် ၁၆ရက်က ဖြစ်ခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရခဲ့သည်ဟု KNDFက ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန် သည်။ LuduNwayOoဒီဇင်ဘာ 17, 2021
News ကျဆုံးစစ်သည်များအတွက် ဆုတောင်းပွဲ MNDAA ပြုလုပ် ကျဆုံးသောသူရဲကောင်းများအတွက် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းစဉ်ကို ဒေသခံပြည်သူလူထုအားလုံးနှင့်တကွ တော်လှန်ရေးအောင်မြင်သည့်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း MNDAAက ထုတ်ပြန်သည်။ LuduNwayOoဒီဇင်ဘာ 16, 2021
News အဖမ်းခံရသည့် အလွတ်တန်းဓာတ်ပုံဆရာတစ်ဦး စစ်ကြောရေးတွင် ကျဆုံး ဒီဇင်ဘာ ၁၀ ရက် Silent Strike Day တွင် အလွတ်တန်းဓာတ်ပုံဆရာ ကိုစိုးနိုင်သည် ရန်ကုန်မြို့တွင်း ဓာတ်ပုံထွက်ရိုက်စဥ် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုခံခဲ့ရခြင်း ဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 15, 2021
News မြောင်မြို့နယ် ဒေသကာကွယ်ရေးတပ် မိုင်းအဖွဲ့ စစ်ကောင်စီတပ်တိုက်ပွဲဖြစ်၊ ကျေးရွာ PDFခေါင်းဆောင်အပါအဝင်ငါးဦး ကျဆုံး "စစ်ကြောင်းအလာကို ကြိုစောင့်ပြီး ဆွဲမိုင်းထောင်တဲ့ မိုင်းအဖွဲ့ပေါ့။ သူတို့စောင့်မယ်လုပ်တုန်း စစ်ကြောင်းနဲ့ထိပ်တိုက်တွေ့တဲ့အချိန်မှာ တိုက်ပွဲဖြစ်သွားတာ"ဟု ဒေသအခြေစိုက် တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 14, 2021
News အကြမ်းဖက်စစ်ကောင်စီသတ်ဖြတ်၍ ကျဆုံးခဲ့သူများကိုရည်စူး၍ သံရုံးလေးခုက နှင်းဆီပန်း ၁,၃၂၃ ပွင့် ခင်းကျင်းဂုဏ်ပြု ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံကျင့်သုံးနေသော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် မညီမျှမှုများနှင့် ချန်လှပ်ထားမှုများ ရှိဆဲ ဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 10, 2021
News ဒီဇင်ဘာ ၆ ရက် ထီးချိုင့်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၅ဦးသေ၊ PDFမှ ဂုဏ်ထူးသုံးဘာသာရှင် လူငယ်တစ်ဦးကျဆုံး "မိမိတို့အဖွဲ့မှ သုံးဘာသာဂုဏ်ထူးရှင် သူရဲကောင်းတစ်ဦး လက်နက်ကြီးထိမှန်ကာကျဆုံးခဲ့ရပါသည်" ဟု(H-PDF) ကလည်း သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဒီဇင်ဘာ 8, 2021
News ကရင်ပြည်နယ်တိုက်ပွဲတွင် PDFတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး အသက် ၂၈ နှစ်အရွယ် ကိုကောင်းထက်စိုးဖြစ်ပြီး ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး အစ္စလာမ်ဘာသာဝင်လူငယ်တစ်ဦးဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။ LuduNwayOoဒီဇင်ဘာ 7, 2021
News ဂဠုန်တပ်မှ ရဲဘော်သုံးဦး မိုင်းစမ်းသပ်စဥ် ကျဆုံး "မနေ့က(ဒီဇင်ဘာ ၅ ရက်) ဖြစ်တာပါ။အကြမ်းဖက် စစ်ကောင်စီကို မိုင်းဆွဲတာတွေ ပိုပြီးပြင်းထန်ဖို့ကြိုးစားရင်း ဖြစ်သွားရတာပေါ့"ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ LuduNwayOoဒီဇင်ဘာ 6, 2021
News ရန်ကုန်လူထုသပိတ်မှ အနည်းဆုံးလူငယ်လေးဦး ကျဆုံး၊ ခုနစ်ဦးခန့် ဖမ်းဆီးခံရ “ဓာတ်ပုံရိုက်တဲ့ အစ်ကိုတစ်ယောက်နဲ့ အားလုံးပေါင်း ခုနစ်ယောက်လောက် ဖမ်းခံလိုက်ရတယ်။ အော်သံတွေ နားထဲက မထွက်သေးဘူးဗျာ။ တကယ်စိတ်မကောင်းဘူး။ အရမ်းမိုက်ရိုင်းလွန်းတယ် “ဟု ၎င်းက ပြောသည်။ LuduNwayOoဒီဇင်ဘာ 5, 2021
News ဒီပဲယင်းတိုက်ပွဲတွင် မြို့နယ် ပ.က.ဖ စစ်ဆင်ရေးခေါင်းဆောင်တစ်ဦးကျဆုံး "မိမိနဲ့အတူပါလာတဲ့ရဲဘော်တွေအသက်ရှင်ဖို့အတွက် မိမိအသက်ကိုစွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်သွားတယ်။"ဟု ဒီပဲယင်းဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဒီဇင်ဘာ 4, 2021