Connect with us

Hi, what are you looking for?

News

ဒီဇင်ဘာ ၆ ရက် ထီးချိုင့်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၅ဦး​သေ၊ PDFမှ ဂုဏ်ထူးသုံးဘာသာရှင် လူငယ်တစ်ဦးကျဆုံး

“မိမိတို့အဖွဲ့မှ သုံးဘာသာဂုဏ်ထူးရှင် သူရဲကောင်းတစ်ဦး လက်နက်ကြီးထိမှန်ကာကျဆုံးခဲ့ရပါသည်” ဟု(H-PDF) ကလည်း သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး​သေဆုံးပြီး ၁၅ဦးခန့်ဒဏ်ရာရရှိခဲ့​သော ဒီဇင်ဘာ ၆ရက်တိုက်ပွဲတွင်ထီးချိုင့် PDFဖက်က တစ်ဦးကျဆုံးခဲ့ပြီး ကျဆုံးခဲ့သူမှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သည်ဟု ထီးချိုင့်ဒေသခံများနှင့် ထီးချိုင့်PDFဘက် ပြောသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံရွာအနီး၌ တပ်စွဲထားသည့် စစ်ကောင်စီယာဥ်တန်းကိုထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(H-PDF)က ယမန်နေ့ နံနက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး PDFဘက်က တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(H-PDF)က သတင်းထုတ်ပြန်သည်။

PDFဘက်က ကျဆုံးသူလူငယ်သည် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သည်ဟု ဒေသခံများကပြောသည်။

“မိမိတို့အဖွဲ့မှ သုံးဘာသာဂုဏ်ထူးရှင် သူရဲကောင်းတစ်ဦး လက်နက်ကြီးထိမှန်ကာကျဆုံးခဲ့ရပါသည်” ဟု(H-PDF) ကလည်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကဆုံးလူငယ်၏ ရုပ်အလောင်းကို ပစ်ခတ်မှုကြားမှပင်ရအောင်ပြန်သယ်ထုတ်ခဲ့ပြီး ကောင်းမွန်စွာသဂြိုလ်ခဲ့​ကြောင်း H-PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့ပြင် ဒဏ်ရာရရှိသူ လူငယ်နောက်တစ်ဦးသည် အသက်အန္တရာယ်မရှိတော့သော်လည်း ခြေထောက်၌ ပြင်းထန် ဒဏ်ရာရခဲ့၍ ခြေတစ်ဘက်ကို ဖြတ်တောက်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

စစ်အာဏာရှင်ပြုတ်ကျ​ရေး ၊ဖက်ဒရယ်ဒီမိုက​ရေစီ​ဖော်​ဆောင်နိုင်​ရေးအတွက် ကြိုးစားရင်းတစ်ဦးကသေဆုံးပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာရခဲ့သည့် တပ်ဖွဲ့ဝင် လူငယ်နှစ်ဦး၏ ကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်သုတ်သင်ရေး ပိုမိုစိတ်အားထက်သန်လာသည်ဟု ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့သည် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်များစတင်စဥ်ကတည်းက အင်တိုက်အားတိုက်ပါဝင်ဆင်နွှဲခဲ့ပြီး လက်နက်ကိုင်ခုခံတော်လှန်ရာတွင်လည်း စစ်ကိုင်းတိုင်းရှိအခြားမြို့များနည်းတူ​ရှေ့တန်းမှပါဝင်ခဲ့သည်။ ဒီဇင်ဘာလဆန်းပိုင်းတွင်လည်း ကချင်ပြည်နယ်ဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ထီးချိုင့် PDFက နေရာ ၈ နေရာ၌ မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။