Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်လူထုသပိတ်မှ အနည်းဆုံးလူငယ်​လေးဦး ကျဆုံး၊ ခုနစ်ဦးခန့် ဖမ်းဆီးခံရ

“ဓာတ်ပုံရိုက်တဲ့ အစ်ကိုတစ်ယောက်နဲ့ အားလုံးပေါင်း ခုနစ်ယောက်လောက် ဖမ်းခံလိုက်ရတယ်။ အော်သံတွေ နားထဲက မထွက်သေးဘူးဗျာ။ တကယ်စိတ်မကောင်းဘူး။ အရမ်းမိုက်ရိုင်းလွန်းတယ် “ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ရန်ကုန်လူထုသပိတ်မှ လူငယ်များကို အကြမ်းဖက်စစ်ကောင်စီက ကားဖြင့်တိုက် သေနတ်ဖြင့် ပစ်သတ်၍ အနည်းဆုံးလူငယ်​လေးဦးကျဆုံးခဲ့ရ​​ကြောင်း သပိတ်တွင်ပါဝင်သူများက လူထု​နွေဦးသို့ ​ပြောသည်။

“ကားနဲ့ တိုက်ခံရတဲ့ ကလေး​လေးယောက်လုံးလည်း သေသွားတယ်လို့ သိရပါတယ်။ အရှိန်တော်တော်ပြင်းတော့ ကလေးတွေ လွင့်ထွက်သွားတာပါ။ သေသွားတဲ့သူတွေကို ကားပေါ်ပြန်တင်သွားတယ်။ သေနတ်တွေနဲ့ ပစ်သံလည်း ကြားလိုက်ရတယ်။ တကယ့်ကို အသေလုပ်တာဗျာ။ ကလေးအချို့က သူတို့ သူငယ်ချင်း ကားတိုက်ခံရတော့ သွားဆွဲရင်း အဖမ်းခံရတာပါ”ဟု ရန်ကုန်လူထုသပိတ်တွင်ပါဝင်သူတစ်ဦးက ပြောသည်။

ထို့အပြင် အမျိုးသားလူငယ်ငါးဦးနှင့် မိန်းကလေးနှစ်ဦး စုစုပေါင်း ခုနစ်ဦးခန့် ဖမ်းဆီးခံရကြောင်း သပိတ်တွင်ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

“ဓာတ်ပုံရိုက်တဲ့ အစ်ကိုတစ်ယောက်နဲ့ အားလုံးပေါင်း ခုနစ်ယောက်လောက် ဖမ်းခံလိုက်ရတယ်။ အော်သံတွေ နားထဲက မထွက်သေးဘူးဗျာ။ တကယ်စိတ်မကောင်းဘူး။ အရမ်းမိုက်ရိုင်းလွန်းတယ် “ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

နွေဦးတော်လှန်ရေးအဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်များအား ရန်ကုန်တိုင်းစစ်ဌာနမှ နွေးထွေးစွာကြိုဆို​ကြောင်းဖေဖော်ဝါရီ ၁၂ ရက်က ကြေညာခဲ့ခြင်း ဖြစ်ပြီးအသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။