Connect with us

Hi, what are you looking for?

News

ရန်ကုန်လူထုသပိတ်မှ အနည်းဆုံးလူငယ်​လေးဦး ကျဆုံး၊ ခုနစ်ဦးခန့် ဖမ်းဆီးခံရ

“ဓာတ်ပုံရိုက်တဲ့ အစ်ကိုတစ်ယောက်နဲ့ အားလုံးပေါင်း ခုနစ်ယောက်လောက် ဖမ်းခံလိုက်ရတယ်။ အော်သံတွေ နားထဲက မထွက်သေးဘူးဗျာ။ တကယ်စိတ်မကောင်းဘူး။ အရမ်းမိုက်ရိုင်းလွန်းတယ် “ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ရန်ကုန်လူထုသပိတ်မှ လူငယ်များကို အကြမ်းဖက်စစ်ကောင်စီက ကားဖြင့်တိုက် သေနတ်ဖြင့် ပစ်သတ်၍ အနည်းဆုံးလူငယ်​လေးဦးကျဆုံးခဲ့ရ​​ကြောင်း သပိတ်တွင်ပါဝင်သူများက လူထု​နွေဦးသို့ ​ပြောသည်။

“ကားနဲ့ တိုက်ခံရတဲ့ ကလေး​လေးယောက်လုံးလည်း သေသွားတယ်လို့ သိရပါတယ်။ အရှိန်တော်တော်ပြင်းတော့ ကလေးတွေ လွင့်ထွက်သွားတာပါ။ သေသွားတဲ့သူတွေကို ကားပေါ်ပြန်တင်သွားတယ်။ သေနတ်တွေနဲ့ ပစ်သံလည်း ကြားလိုက်ရတယ်။ တကယ့်ကို အသေလုပ်တာဗျာ။ ကလေးအချို့က သူတို့ သူငယ်ချင်း ကားတိုက်ခံရတော့ သွားဆွဲရင်း အဖမ်းခံရတာပါ”ဟု ရန်ကုန်လူထုသပိတ်တွင်ပါဝင်သူတစ်ဦးက ပြောသည်။

ထို့အပြင် အမျိုးသားလူငယ်ငါးဦးနှင့် မိန်းကလေးနှစ်ဦး စုစုပေါင်း ခုနစ်ဦးခန့် ဖမ်းဆီးခံရကြောင်း သပိတ်တွင်ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

“ဓာတ်ပုံရိုက်တဲ့ အစ်ကိုတစ်ယောက်နဲ့ အားလုံးပေါင်း ခုနစ်ယောက်လောက် ဖမ်းခံလိုက်ရတယ်။ အော်သံတွေ နားထဲက မထွက်သေးဘူးဗျာ။ တကယ်စိတ်မကောင်းဘူး။ အရမ်းမိုက်ရိုင်းလွန်းတယ် “ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။