Connect with us

Hi, what are you looking for?

LuduNwayOo

News

အဖမ်းခံရသည့် အလွတ်တန်းဓာတ်ပုံဆရာတစ်ဦး စစ်ကြောရေးတွင် ကျဆုံး

ဒီဇင်ဘာ ၁၀ ရက် Silent Strike Day တွင် အလွတ်တန်းဓာတ်ပုံဆရာ ကိုစိုးနိုင်သည် ရန်ကုန်မြို့တွင်း ဓာတ်ပုံထွက်ရိုက်စဥ် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုခံခဲ့ရခြင်း ဖြစ်သည်။

အသံတိတ်သပိတ်ဆင်နွှဲသည့်နေ့က ဓာတ်ပုံထွက်ရိုက်စဥ် ဖမ်းဆီးခံရသည့် အလွတ်တန်းဓာတ်ပုံဆရာတစ်ဦး စစ်ကြောရေးတွင် အကြမ်းဖက်စစ်​ကောင်စီလက်ချက်ဖြင့် ကျဆုံးသွားကြောင်း ၎င်း၏မိတ်ဆွေများက ပြော သည်။

ဒီဇင်ဘာ ၁၀ ရက် Silent Strike Day တွင် အလွတ်တန်းဓာတ်ပုံဆရာ ကိုစိုးနိုင်သည် ရန်ကုန်မြို့တွင်း ဓာတ်ပုံထွက်ရိုက်စဥ် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုခံခဲ့ရခြင်း ဖြစ်သည်။

ကိုစိုးနိုင်အား ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောရေးတစ်ခုသို့ပို့ဆောင် စစ်ဆေးခဲ့ပြီး ထိုစစ် ကြောရေး၌ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေများက ယနေ့(ဒီဇင်ဘာ ၁၄)တွင် သိရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသံတိတ်သပိတ်ဆင်နွှဲသည့်နေ့က ကိုစိုးနိုင်အပါအဝင် အလွတ်တန်းဓာတ်ပုံဆရာ နောက်တစ်ဦးလည်း အဖမ်းခံခဲ့ရကာ အရပ်သားပြည်သူအချို့လည်း ဖမ်းဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

အလွတ်တန်း ဓာတ်ပုံဆရာတစ်ဦးဖြစ်သည့် ကိုစိုးနိုင်သည် ဂရပ်ဖက်ဒီဇိုင်နာတစ်ဦးလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

သတင်း

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။