Connect with us

Hi, what are you looking for?

News

အဖမ်းခံရသည့် အလွတ်တန်းဓာတ်ပုံဆရာတစ်ဦး စစ်ကြောရေးတွင် ကျဆုံး

ဒီဇင်ဘာ ၁၀ ရက် Silent Strike Day တွင် အလွတ်တန်းဓာတ်ပုံဆရာ ကိုစိုးနိုင်သည် ရန်ကုန်မြို့တွင်း ဓာတ်ပုံထွက်ရိုက်စဥ် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုခံခဲ့ရခြင်း ဖြစ်သည်။

အသံတိတ်သပိတ်ဆင်နွှဲသည့်နေ့က ဓာတ်ပုံထွက်ရိုက်စဥ် ဖမ်းဆီးခံရသည့် အလွတ်တန်းဓာတ်ပုံဆရာတစ်ဦး စစ်ကြောရေးတွင် အကြမ်းဖက်စစ်​ကောင်စီလက်ချက်ဖြင့် ကျဆုံးသွားကြောင်း ၎င်း၏မိတ်ဆွေများက ပြော သည်။

ဒီဇင်ဘာ ၁၀ ရက် Silent Strike Day တွင် အလွတ်တန်းဓာတ်ပုံဆရာ ကိုစိုးနိုင်သည် ရန်ကုန်မြို့တွင်း ဓာတ်ပုံထွက်ရိုက်စဥ် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုခံခဲ့ရခြင်း ဖြစ်သည်။

ကိုစိုးနိုင်အား ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောရေးတစ်ခုသို့ပို့ဆောင် စစ်ဆေးခဲ့ပြီး ထိုစစ် ကြောရေး၌ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေများက ယနေ့(ဒီဇင်ဘာ ၁၄)တွင် သိရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသံတိတ်သပိတ်ဆင်နွှဲသည့်နေ့က ကိုစိုးနိုင်အပါအဝင် အလွတ်တန်းဓာတ်ပုံဆရာ နောက်တစ်ဦးလည်း အဖမ်းခံခဲ့ရကာ အရပ်သားပြည်သူအချို့လည်း ဖမ်းဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

အလွတ်တန်း ဓာတ်ပုံဆရာတစ်ဦးဖြစ်သည့် ကိုစိုးနိုင်သည် ဂရပ်ဖက်ဒီဇိုင်နာတစ်ဦးလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။