Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီသတ်ဖြတ်၍ ကျဆုံးခဲ့သူများကိုရည်စူး၍ သံရုံးလေးခုက နှင်းဆီပန်း ၁,၃၂၃ ပွင့် ခင်းကျင်းဂုဏ်ပြု

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံကျင့်သုံးနေသော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် မညီမျှမှုများနှင့် ချန်လှပ်ထားမှုများ ရှိဆဲ ဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - ​နော်​ဝေ၊ ဒိန်းမတ်သံရုံး

အရပ်သား ဆန္ဒပြပွဲများကို စစ်တပ်က ဖြိုခွင်းသဖြင့် အသက်ဆုံးရှုံးခဲ့ရသူများအား ရည်စူးပြီး ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများက နှင်းဆီပန်း ၁,၃၂၃ ပွင့်ခင်းကျင်း ဂုဏ်ပြုခဲ့သည်။

ယနေ့(ဒီဇင်ဘာ ၁၀ရက်)ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြုလုပ်သည့် ကျဆုံးမြန်မာပြည်သူများအား ဂုဏ်ပြုမှုကို သံရုံးလေးခုက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ​နော်​ဝေ၊ ဒိန်းမတ်သံရုံး

အဆိုပါ နိုင်ငံ​လေးခု အနေဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ မျှော်မှန်းချက်များကို ဆက်လက်ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း၊ ဖေဖေါ်ဝါရီ ၁ ရက်မှစပြီး လူ့အခွင့်အရေးကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိန်းသိမ်းခံ ထားရသူများကို ဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။

ဓာတ်ပုံ – ​နော်​ဝေ၊ ဒိန်းမတ်သံရုံး

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံကျင့်သုံးနေသော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် မညီမျှမှုများနှင့် ချန်လှပ်ထားမှုများ ရှိဆဲ ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ​နော်​ဝေ၊ ဒိန်းမတ်သံရုံး

မြန်မာနိုင်ငံတွင် ကိုးဗစ်၁၉ ရောဂါ အကျပ်အတည်းနှင့် အာဏာသိမ်းမှုတို့ကြောင့် မညီမျှမှုများ သိသိသာသာ တိုးလာပြီး အခြေခံ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး ရပိုင်ခွင့်များ၊ လွတ်လပ်ခွင့်များကို များစွာ ထိခိုက်ရုံသာမက မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများလည်း လွန်စွာ ထိခိုက်ခဲ့ရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

နိုင်ငံတကာ

အစ္စရေး သံရုံးက အခုဆန္ဒပြမှုအပေါ် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့်လည်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ဘူးလို့တော့ အတည်ပြုသွားပါတယ်။

နိုင်ငံတကာ

သံရုံးကတော့ အခုဖြစ်စဉ်မှာ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့တာဟာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို ဆန္ဒပြတာလား၊ တခြားရည်ရွယ်ချက် တစ်ခုခုကြောင့်လား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။