Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီသတ်ဖြတ်၍ ကျဆုံးခဲ့သူများကိုရည်စူး၍ သံရုံးလေးခုက နှင်းဆီပန်း ၁,၃၂၃ ပွင့် ခင်းကျင်းဂုဏ်ပြု

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံကျင့်သုံးနေသော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် မညီမျှမှုများနှင့် ချန်လှပ်ထားမှုများ ရှိဆဲ ဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - ​နော်​ဝေ၊ ဒိန်းမတ်သံရုံး

အရပ်သား ဆန္ဒပြပွဲများကို စစ်တပ်က ဖြိုခွင်းသဖြင့် အသက်ဆုံးရှုံးခဲ့ရသူများအား ရည်စူးပြီး ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများက နှင်းဆီပန်း ၁,၃၂၃ ပွင့်ခင်းကျင်း ဂုဏ်ပြုခဲ့သည်။

ယနေ့(ဒီဇင်ဘာ ၁၀ရက်)ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြုလုပ်သည့် ကျဆုံးမြန်မာပြည်သူများအား ဂုဏ်ပြုမှုကို သံရုံးလေးခုက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ​နော်​ဝေ၊ ဒိန်းမတ်သံရုံး

အဆိုပါ နိုင်ငံ​လေးခု အနေဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ မျှော်မှန်းချက်များကို ဆက်လက်ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း၊ ဖေဖေါ်ဝါရီ ၁ ရက်မှစပြီး လူ့အခွင့်အရေးကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိန်းသိမ်းခံ ထားရသူများကို ဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။

ဓာတ်ပုံ – ​နော်​ဝေ၊ ဒိန်းမတ်သံရုံး

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံကျင့်သုံးနေသော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် မညီမျှမှုများနှင့် ချန်လှပ်ထားမှုများ ရှိဆဲ ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ​နော်​ဝေ၊ ဒိန်းမတ်သံရုံး

မြန်မာနိုင်ငံတွင် ကိုးဗစ်၁၉ ရောဂါ အကျပ်အတည်းနှင့် အာဏာသိမ်းမှုတို့ကြောင့် မညီမျှမှုများ သိသိသာသာ တိုးလာပြီး အခြေခံ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး ရပိုင်ခွင့်များ၊ လွတ်လပ်ခွင့်များကို များစွာ ထိခိုက်ရုံသာမက မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများလည်း လွန်စွာ ထိခိုက်ခဲ့ရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။