Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်ပြည်နယ်တိုက်ပွဲတွင် PDFတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

အသက် ၂၈ နှစ်အရွယ် ကိုကောင်းထက်စိုးဖြစ်ပြီး ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး အစ္စလာမ်ဘာသာဝင်လူငယ်တစ်ဦးဖြစ်​ကြောင်း နီးစပ်သူများက ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီကိုဖြုတ်ချ​ရေး ခုခံ​တော်လှန်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (PDF )တပ်ဖွဲ့ ဝင်တစ်ဦးဖြစ်​သော အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးသည် ကရင်ပြည်နယ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း
ကျဆုံးသွားခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ကိုကောင်းထက်စိုးဖြစ်ပြီး ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး အစ္စလာမ်ဘာသာဝင်လူငယ်တစ်ဦးဖြစ်​ကြောင်း နီးစပ်သူများက ပြောသည်။

ကရင်ပြည််နယ် တပ်မဟာ(၅) နယ်မြေ၌ ယနေ့(ဒီဇင်ဘာ ၆)ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖက်ဒရယ်ဒမိုက​ရေစီနိုင်ငံထူ​ထောင်​ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့​ကြောင်းကိုကောင်းထက်စိုးနှင့် ရင်းနီးသူများ People’s Spring သို့ပြောသည်။

ကိုကောင်းထက်စိုးသည် စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းပြီးငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်​ကောင်စီတပ်ကရက်ရက်စက်စက်​သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး​နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ကာ မိသားစုအား အဆက်အသွယ်ဖြတ်ပြီး ကရင်ပြည်နယ် တပ်မဟာ(၅)နယ်မြေ၌ PDF တပ်သားအဖြစ်ဝင်​ရောက်ခဲ့သူဖြစ်သည်။ သူ၏ တော်လှန်ရေးကာလအမည်မှာ ရဲဘော်ရမ်ချိုဖြစ်သည်။

Public Service Announcement

Public Service Announcement

ယ​နေ့ကို​ကောင်းထက်စိုး ကျဆုံးခဲ့ပြီး​​နောက် “ငါတို့တွေ မင်းခြေမှုန်မမှီသေးဘူး။ ငါတို့တွေ လိပ်ပြာမလုံသေးဘူး။ငါတို့တွေ မင်းလို မပေးဆပ်နိုင်သေးဘူး။ငါတို့တွေ မင်းလို အနစ်နာမခံနိုင်သေးဘူး။မင်းဟာ ငါတို့ရဲ့ သူရဲကောင်းတဦးပါ ညီလေး”ဟု သူ၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

နိုင်ငံ​တော်အာဏာကိုမတရားသဖြင့်လုယူပြီး ပြည်သူများ၏ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆိုမှုများကို မျက်ကွယ်ပြု၍ ရက်ရက်စက်စက်​သေနတ်ဖြင့်ပစ်သတ်ခဲ့​သောအကြမ်းဖက်စစ်​ကောင်စီကိုဖြုတ်ချရန် ဘာသာစုံ၊လူမျိုး​ပေါင်းစုံ ၊ ဆရာဝန်၊အင်ဂျင်နီယာ၊အနုပညာရှင်၊အလုပ်သမား၊​တောင်သူလယ်သမားစ​သောအလွှာ​ပေါင်းစုံမှ လူငယ်များကPDFအတွင်းဝင်​ရောက်ကာ စစ်ပညာသင်ယူ၍ ခုခံ​​တော်လှန်​နေကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။