သတင်း တနင်္သာရီမြို့နယ် လယ်သစ်ရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လေးဦးသေ ယမန့်နေ့(ဇွန် ၁၆ ရက်) ညနေ ၃ နာရီမှ ညနေ ၅နာရီအထိလယ်သစ်ရွာအနီးရှိ ကုလားသေတောင်တွင် စစ်ကောင်စီတပ်နှင့်တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ LuduNwayOoဇွန် 17, 2022
News တနင်္သာရီမြို့နယ်တိုက်ပွဲတွင်PDFခေါင်းဆောင်တစ်ဦးကျဆုံး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက တကူရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ အနီးတဝှိုက်ရှိ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင် စသည့် ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။ LuduNwayOoမေ 21, 2022
News တနင်္သာရီမြို့နယ် သိန္ဓောရွာတိုက်ပွဲ စစ်ကောင်စီတပ်ငါးဦးသေ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှအထိနာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။ LuduNwayOoမေ 19, 2022
News တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်စစ်သားသုံးဦးဒဏ်ရာရ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အားတိုး၍နယ်မြေရှင်းလင်းများဆောင်ရွက်နေပြီး လက်ရှိအချိန်ထိတိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသေးကြောင်း TDFမှ တာဝန်ရှိသူကဆက်ပြောသည်။ LuduNwayOoမေ 17, 2022
News တနင်္သာရီမြို့နယ်မှ စစ်ကောင်စီ၏ကကကြည်းပိုင်ရာဘာစက်ရုံကို PDFများတိုက်ခိုက်စီးနင်းရာစစ်သားများထွက်ပြေး “ကက ကြည်း နဲ့ ညောင်ပင်ကွင်းရွာပျူစောထီးအဖွဲ့ကတော့ PDF တွေ ဝင်တိုက်တဲ့အချိန်မှာ ၅၆၁ တပ်ရင်းကို ထွက်ပြေးသွားကြတယ်။စက်ရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်”ဟု Tanintharyi Defense Force ပြန်ကြားရေးတာဝန်ခံကလူထုနွေဦးပြောသည်။ LuduNwayOoမေ 8, 2022
News တနင်္သာရီမြို့ရှိ ထုံခါအကျဉ်းစခန်းကို PDF ဝင်ရောက်စီးနင်းတိုက်ခိုက် စခန်းအားဝင်ရောက်စီးနင်းခဲ့စဉ် မိနစ် ၂၀ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ သုံးဦးသေ ဆုံး(အတည်ပြုနိုင်)၊ သုံးထိခိုက်(သေဆုံးရန်အခြေနေရှိ) နှင့် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပူးပေါင်းအဖွဲ့မှ တစ်ဦးကျဆုံးခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoမေ 8, 2022
News အာဏာရှင်ပြုတ်ကျရေးဆောင်ရွက်နေသည့် ကာလဖြစ်၍ ယခုနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ်သတ်မှတ်ကြောင်း တနင်္သာရီမြို့နယ်(ပအဖ) ထုတ်ပြန် အာဏာသိမ်းစစ်ကောင်စီသည် လူထုမှ ထောက်ခံသယောင် အင်အင်းပြသလိုသဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပရန် ဖိအားပေးဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆို သည်။ LuduNwayOoဧပြီ 6, 2022
News တနင်္သာရီမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးများ ယခုလကုန် နောက်ဆုံးထား နှုတ်ထွက်ကြရန် PDFသတိပေး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ၊ရပ်ကွက်များမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် သတင်း ပေးများ မတ်လ၃၁ ရက် နောက်ဆုံးထား နှုတ်ထွက်ရန် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။ LuduNwayOoမတ် 27, 2022
News တနင်္သာရီမြို့နယ် ပဝကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၊ ရွာလုံးကျွတ် ထွက်ပြေးနေရဟုဆို စစ်ကောင်စီတပ်များက ယနေ့နေ့လယ်ပိုင်းကတည်းက ပဝကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည် LuduNwayOoဖေဖော်ဝါရီ 19, 2022
News တနင်္သာရီမြို့မှ CDM စည်ပင်အင်ဂျင်နီယာ ဦးအောင်သက်ဦး ထောင်ဒဏ်နှစ်၂၀ ချမှတ်ခံရ ဦးအောင်သက်ဦးကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ၁ရက်)တွင် ထောင်ဒဏ်အမိန့် ချမှတ်လိုက် ခြင်းဖြစ်ကြောင်း တနသ်ာရီမြို့မှ ဒီချုပ်ပါတီရွေးကောက်ခံကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။ LuduNwayOoဖေဖော်ဝါရီ 1, 2022