Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးများ ယခုလကုန် နောက်ဆုံးထား နှုတ်ထွက်ကြရန် PDFသတိ​ပေး

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ၊ရပ်ကွက်များမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် သတင်း ပေးများ မတ်လ၃၁ ရက် နောက်ဆုံးထား နှုတ်ထွက်ရန် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။

People's Spring
People's Spring

ထိုသတိပေးချက်ကို မတ်လ၂၇ ရက်(ယနေ့)တွင် တနင်္သာရီမြို့နယ်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ကျွန်​တော်တို့မြို့နယ်မှာ ပအဖနှင့် ပကဖ ဖွဲ့စည်းပီးသားဖြစ်သောကြောင့် နယ်မြေအုပ်ချုပ်ရေးအတွက် စတင်တည်ဆောက်နိုင်တဲ့ အနေထားရှိပါတယ်” ဟု တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့တားမြစ်ထားသည့် ကြားမှ နှုတ်ထွက်ခြင်းမရှိသူများ အသက်အိုးအိမ်စည်းစိမ်များ အာမခံမည်မဟုတ်ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူထုတ်ပြန်ချက်မျိုးကို မတ်လ ၁၈ရက်ကလည်း အဆိုပါထုတ်ပြန်ခဲ့ပြီး နှုတ်ထွက်ရမည့် ရက်ကို အတိ အကျဖော်ပြခဲ့ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ယမန်နှစ်မတ်လ ၈ရက်တွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRTH)တို့၏ မူဝါဒ၊လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ