Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးများ ယခုလကုန် နောက်ဆုံးထား နှုတ်ထွက်ကြရန် PDFသတိ​ပေး

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ၊ရပ်ကွက်များမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် သတင်း ပေးများ မတ်လ၃၁ ရက် နောက်ဆုံးထား နှုတ်ထွက်ရန် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။

People's Spring
People's Spring

ထိုသတိပေးချက်ကို မတ်လ၂၇ ရက်(ယနေ့)တွင် တနင်္သာရီမြို့နယ်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ကျွန်​တော်တို့မြို့နယ်မှာ ပအဖနှင့် ပကဖ ဖွဲ့စည်းပီးသားဖြစ်သောကြောင့် နယ်မြေအုပ်ချုပ်ရေးအတွက် စတင်တည်ဆောက်နိုင်တဲ့ အနေထားရှိပါတယ်” ဟု တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့တားမြစ်ထားသည့် ကြားမှ နှုတ်ထွက်ခြင်းမရှိသူများ အသက်အိုးအိမ်စည်းစိမ်များ အာမခံမည်မဟုတ်ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူထုတ်ပြန်ချက်မျိုးကို မတ်လ ၁၈ရက်ကလည်း အဆိုပါထုတ်ပြန်ခဲ့ပြီး နှုတ်ထွက်ရမည့် ရက်ကို အတိ အကျဖော်ပြခဲ့ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ယမန်နှစ်မတ်လ ၈ရက်တွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRTH)တို့၏ မူဝါဒ၊လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။