Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်စစ်သားသုံးဦးဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အားတိုး၍နယ်မြေရှင်းလင်းများဆောင်ရွက်နေပြီး လက်ရှိအချိန်ထိတိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသေးကြောင်း TDFမှ တာဝန်ရှိသူကဆက်ပြောသည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ပနပ်ငယ်ရွာတွင်အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဒေသခံကာကွယ်ရေးတပ်တို့ကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာရသွားကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က သတင်းထုတ်ပြန်သည်။

ယမန့်နေ့ (မေ ၁၅ ရက်) မနက် ၈နာရီခန့်က လမ်းကင်းလုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်သားများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း Tanintharyi Defense Force-TDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်တာက လမ်းကင်းလုံခြုံရေး လာယူတဲ့ စခ (စ​ကောင်စီတပ်သား) တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး ထိ‌တွေ့မှု ဖြစ်သွားတာ။ စခဖက်က သုံးယောက် ထိတယ်။သေ၊မသေ အတည်မပြုနိုင်။မိနစ် ၂၀လောက်ပစ်ခတ်ကြပြီးကကရအဖွဲ့ကဘေးကင်းစွာပြန်ဆုတ်ခဲ့တယ်။တိုက်ပွဲဖြစ်တာက တနင်္သာရီမြို့နဲ့ ငါးမိုင်အကွာ ပြည်ထောင်စုလမ်းမကြီးနံဘေးမှာ ဖြစ်သွားတာပါ” ဟုအထက်ပါတာဝန်ရှိသူက​ပြောသည်။

ထိုတိုက်ပွဲတွင် တနင်္သာရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ အင်အားစု(SWDF)နှင့် TDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အားတိုး၍နယ်မြေရှင်းလင်းများဆောင်ရွက်နေပြီး လက်ရှိအချိန်ထိတိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသေးကြောင်း TDFမှ တာဝန်ရှိသူကဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook