Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ်တိုက်ပွဲတွင်PDFခေါင်း​ဆောင်တစ်ဦးကျဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက တကူရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ အနီးတဝှိုက်ရှိ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင် စသည့် ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက​ပြောသည်။

●​မေ ၂၀ရက်သာဘွင်​ကျေးရွာအနီးတိုက်ပွဲတွင်စစ်သား၃ ဦး​သေ၊ဘက်မလိုက်​ပြောက်ကျားအဖွဲ့ယာယီစခန်းတစ်ခုဆုံးရှုံး

တနင်္သာရီမြို့နယ် ၊ သာရဘွင်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဆေးတံမှာ ​မေ ၁၉ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားသည့် ဦးဆေးတံအတွက် လေးစားဂုဏ်ယူကြောင်းနှင့် ကျန်ရစ်သူ မိသားစုအတွက်ထပ်တူခံစားရကြောင်း (SWDF)ကထုတ်ပြန်ထားသည်။
မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် ယမန့်( မေ ၁၉ ရက်)ညနေ ၆နာရီခန့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တကူရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေးဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက တကူရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ အနီးတဝှိုက်ရှိ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင် စသည့် ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ​မေ ၂၀ ရက်က တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအရှေ့ကမ်းတွင်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့​ကြောင်း ​ဒေသတွင်းမီဒီယာဖြစ်​သော The Taninthayi Times သတင်းဌာနက​ဖော်ပြသည်။ ယမန်​နေ့ နံနက် ၉ နာရီမှ ည​နေ ၃ နာရီအထိ့ စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဘက်မဘိုက်​ပြောက်ကျားအဖွဲ့၏ ယာယီစခန်းတစ်ခုကို အင်အားမမျှ၍ ဆုတ်ခွာ​ပေးခဲ့ပြီး PDF များကျဆုံးထိ့ခိုက်မှု မရှိဟု ဘက်မလိုက်​ပြောက်ကျားအဖွဲ့မှသိ့ရသည်။ စစ်​ကောင်စီတပ်က ​သေဆုံးထိခိုက်မှုရှိသဖြင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်၍ ​ဒေသခံပြည်သူ​ ၆၀၀၀ ​ကျော်ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း The Taninthayi Times က​ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook