Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေ မလေးရှားမှာ တွေ့ဆုံဖို့ စီစဉ်

လက်ရှိမှာ စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေတဲ့ ထိုင်းနဲ့ မလေးရှားရဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မလေးရှားမှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားရဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မလေးရှားမှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ထိုင်းရော၊ ကမ္ဘောဒီးယားပါ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၂၈ ရက်ကျရင် ထိုင်းနဲ့ ကမ္ဘာဒီးယား အစိုးရ ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့တွေ မလေးရှားမှာ တွေ့ဆုံ ဆွေးနွေးမယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။

ထိုင်းဖက်က ယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်၊ ကမ္ဘောဒီးယားဖက်ကတော့ ဝန်ကြီးချုပ် ဟွန်မာနတ်တို့ အသီးသီး ဦးဆောင်ကြမှာဖြစ်ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ် ပဋိပက္ခအတွက် ပြေလည်တဲ့ အဖြေတစ်ခု ရှာဖွေနိုင်ဖို့ ရည်ရွယ် တွေ့ဆုံမှာလို့ အန်ဝါက ပြောပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က သူဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း ဆက်သွယ် ဆွေးနွေးထားပြီး နှစ်ဖက်စလုံးက လက်ရှိ ပဋိပက္ခကို ကြားလူ ဝင်ရောက် ညှိနှိုင်းပေးတာမျိုး မဟုတ်ဘဲ နှစ်နိုင်ငံတည်း တိုက်ရိုက် အဖြေရှာသင့်တယ်လို့ လက်ခံကြောင်း သူ့ဆီ အသိပေးခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် မလေးရှားဟာ အခုကိစ္စမှာ ကြားဝင်ညှိပေးတာမျိုး မဟုတ်ဘဲ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် နေရာထိုင်ခင်းကိစ္စ ကမကထ ပြုပေးတဲ့ သဘောလို့ ယူဆရပါတယ်။

Public Service Announcement

Public Service Announcement

ဟာဆန်က အခု ပဋိပက္ခဟာ အာဆီယံ နှစ်နိုင်ငံကြားက ကိစ္စဖြစ်တာကြောင့် အာဆီယံရဲ့ အတွင်းရေး ပြဿနာလို့ သတ်မှတ်နိုင်ပြီး လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားမှာ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ဖို့ အသင့်တော်ဆုံးလို့လည်း ပြောပါတယ်။ သူက အမေရိကန် အစိုးရဆီကလည်း အခုကိစ္စကို ကူညီ အဖြေရှာပေးလိုကြောင်း ကမ်းလှမ်းမှု ရထားပေမယ့် ဘယ်လို ကူညီပေးနိုင်မလဲ ဆိုတာကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုနဲ့ မဆွေးနွေးရသေးဘူးလို့လည်း ဟာဆန်က ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ် ပဋိပက္ခ ၄ ရက်ကြာမြင့်လာပြီးတဲ့ နောက်မှာ နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာ စတင်လာတဲ့ တိုက်ပွဲတွေအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ စစ်သားတွေ အပါအဝင် လူပေါင်း ၃၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: Thai Enquirer

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။