Connect with us

Hi, what are you looking for?

ဗီဒီယို

ကန်တော်လေးမှာလည်း မင်း​အောင်လှိုင်မွေးနေ့အသုဘအဖြစ်မီးရှို့ဆန္ဒပြ

ရန်ကုန်​မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးတွင် ယနေ့ (ဇူလိုင် ၃ ရက်​) နေ့လည်ပိုင်းက လူငယ်များ စုပေါင်း၍ စစ်​ကောင်စီဥက္ကဌမင်း​အောင်လှိုင်၏ ​မွေး​နေ့ အသုဘပြုလုပ်၍ မီးရှို့ဆန္ဒပြခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူများ ၂၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။

“မွေးနေ့မှစ၍ သောင်းလှိုင်သား အသေဆိုးနဲ့ သေစေသား” စာတန်းများ ကိုင်ဆောင်၍ ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြပြီး မင်းအောင်လှိုင်၏ ဓာတ်ပုံများကိုလည်း မီးရှို့ သဂြိုလ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ရက် ၁၅၃ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အ.ထ.က ၂ မှ ရှစ်တန်းကျောင်းသားမောင်ဖြိုးမြတ်အောင်ကို စစ်ကောင်စီက နိုဝင်ဘာလ၂၇ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

CNN သတင်းဌာနရဲ့ ခေါင်းစဉ်မှာတော့ ICCရဲ့ တရားလို ရှေ့နေဟာ မြန်မာ စစ်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး သံရုံးက အခုဆန္ဒပြမှုအပေါ် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့်လည်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ဘူးလို့တော့ အတည်ပြုသွားပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ တိုက်ပွဲတွင် တပ်မ ၁၁ လက်အောက်ခံ အင်းတိုင်ဆက်သွယ်ရေးတပ်မှ အရာရှိ အပါအဝင် ၄၀ ထက်မနည်း သေဆုံးခဲ့ရခြင်းဟု ဆိုသည်။

Facebook