Connect with us

Hi, what are you looking for?

ဗီဒီယို

ရေဝေးသုသာန်ရဲ့ ဒီညနေအခြေအနေ

“အခုက အိမ်မှာ ဆုံးဆဲ့သူ ဘယ်သူမဆို နေ့ချင်းချရတာဖြစ်တော့ သင်္ဂြိုဟ်ဖို့ကို တန်းစီစောင့်နေကြရတာ” လို့ အဲဒီ ပရဟိတဆောင်ရွက်နေသူက ပြောပါတယ်။

ဗီဒီယိုရိုက်ကူးချိန် ညနေ ၄ နာရီခွဲ၊ ရေဝေးသုသာန်။

ကိုဗစ်လူနာသေဆုံးလူနာတွေတအားများနေပြီး ရန်ကုန်က သင်္ချိုင်းတွေမှာသင်္ဂြိုဟ်ဖို့ တန်းစီစောင့်နေရတဲ့အနေအထားတွေဖြစ်နေတယ်လို့ နာရေးကူညီမှုဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“အခုက အိမ်မှာ ဆုံးဆဲ့သူ ဘယ်သူမဆို နေ့ချင်းချရတာဖြစ်တော့ သင်္ဂြိုဟ်ဖို့ကို တန်းစီစောင့်နေကြရတာ” လို့ အဲဒီ ပရဟိတဆောင်ရွက်နေသူက ပြောပါတယ်။

သင်္ချိုင်းတွေမှာ အရင်လို ခန်းမတွေ ငှားရမ်းပြီးတော့ မိသားစု၊ မိတ်ဆွေတွေ လိုက်ပါ သင်္ဂြိုဟ်တာမျိုးကို ဆေးရုံ၊ ဆေးခန်းတွေမှာ သေဆုံးတဲ့ ကိုဗစ်သံသယမရှိတဲ့ လူနာတွေကိုသာ ခွင့်ပြုထားတာဖြစ်လို့ နေအိမ်မှာ သေဆုံးသူတွေကတော့ ဒီတိုင်းပဲ သင်္ဂြိုဟ်စက်ရှေ့မှာ စောင့်ဆိုင်းပြီး အစဉ်လိုက် သင်္ဂြိုဟ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက နေ့စဉ် လူနာ တိုးနှုန်း၊ သေဆုံးမှု အရေအတွက်တွေကို ထုတ်ပြန်ပေးနေပြီး မနေ့ကဆို သေဆုံးသူ ၁၀၉ ဦး ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးတာမဟုတ်ဘဲ အိမ်မှာနေရင်းဖျားနာ အောက်စီဂျင်ကျ သေဆုံးသူတွေလည်း အမြောက်အများရှိနေပြီး စစ်ကောင်စီစာရင်းထက် သေဆုံးသူက ပိုများနေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

တစ်ချို့အိမ်တွေမှာ တစ်ယောက်မက ဆက်တိုက်သေဆုံးတာမျိုးတွေလည်း ကြုံနေရပြီး ဆေးရုံတက်ခွင့်မရတာ၊ အောက်စီဂျင်ရဖို့ ခက်ခဲနေတာတွေကြောင့်ဖြစ်တယ်လို့ ကာယကံရှင်တွေရဲ့ ပြောကြားချက်အရသိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။