Connect with us

Hi, what are you looking for?

ဗီဒီယို

ရဟတ်ယာဉ် ၁ စီး၊ ကား ၄ စီးနဲ့ ငွေသားတွေတင်ပြီး အာဖဂန်က ထွက်ပြေးခဲ့တယ်ဆိုတဲ့ သမ္မတဟောင်း ဂါနီ

အာဖဂန် နစ္စတန် သမ္မတဟောင်း အက်ရှ်ရက်ဖ် ဂါနီဟာ ရဟတ်ယာဉ် ၁ စီး၊ ကား ၄ စီးနဲ့အပြည့် ငွေသားတွေ တင်ဆောင်ပြီး ပြည်ပကို ထွက်ပြေးသွားကြောင်း ရုရှား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ရုရှား အစိုးရပိုင် မီဒီယာ တစ်ခုဖြစ်တဲ့ RIA Novostiက အာဖဂန်ကို တာလီဘန် စစ်သွေးကြွတွေ သိမ်းပိုက်လိုက်တဲ့ အချိန်မှာ သမ္မတ ဂါနီက ဘယ်လို ဘယ်ပုံ လျှို့ဝှက် လွတ်မြောက်သွားသလဲ ဆိုတာကို ဖွင့်ချခဲ့တာပါ။ အာဖဂန်ကနေ အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းသွားပြီး လပိုင်း အတွင်းမှာတင် တာလီဘန်တွေက ကဘူးလ် မြို့တော်ထိ ချီတက် သိမ်းပိုက် နိုင်ခဲ့ပါတယ်။

ကဘူးလ်မှာ ရှိနေတဲ့ ရုရှားသံရုံး တာဝန်ရှိသူ တစ်ဦးက ရှုပ်ထွေးတဲ့ အခြေအနေတွေအတွင်း ဂါနီ ဘယ်လို ထွက်ပြေးသွားသလဲ ဆိုတာက စိတ်ဝင်စားဖို့ကောင်းကြောင်း၊ ဂါနီရဲ့ လူယုံတော်တွေက ကား ၄ စီးနဲ့အပြည့် ငွေသားတွေ တင်ဆောင်ခဲ့ကြောင်း၊ ဒါ့အပြင် နောက်ထပ် ပိုနေတဲ့ ငွေစက္ကူတွေကိုလည်း ရဟတ်ယာဉ် တစ်စီးပေါ် အပြည့်အသိပ် တင်ဆောင် ယူသွားကြောင်း RIA Novostiကို ပြောကြားခဲ့ပါတယ်။

ဂါနီက သူဟာ ကဘူးလ်မှာ သွေးချောင်းစီး ဖြစ်ရပ်တွေ ကြုံမလာစေချင်လို့ ပြည်ပကို တိမ်းရှောင်သွားကြောင်း Facebookပေါ်မှာ ရေးသားထားပါတယ်။ ဂါနီဟာ အိမ်နီးချင်း တာဂျီကစ္စတန်၊ ဒါမှမဟုတ် ဥဇဘက်ကစ္စတန် နိုင်ငံတွေဆီ ရောက်ရှိနေတာ ဖြစ်နိုင်ကြောင်း ခန့်မှန်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘယ်အစိုးရကမှ တရားဝင် အတည်ပြု ကြေညာထားတာမျိုး မရှိပါဘူး။

ရုရှား အစိုးရရဲ့ အာဖဂန် နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဇာမား ကာဘူလော့ဗ်ကတော့ ဂါနီ ထွက်ပြေးသွားပုံဟာ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတယ်လို့ ဝေဖန်ထားပါတယ်။ အမေရိကန်ဟာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ကို ရှင်းလင်းဖို့အတွက် တာလီဘန်ကို ကျူးကျော် စစ်ပြုခဲ့ပြီး နှစ်ပေါင်း ၂၀ အကြာမှာ တပ်တွေ ပြန်လည် ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိမှုအတွင်း သေဆုံးခဲ့သူ အားလုံးရဲ့ ရုပ်အလောင်းတွေကို မြစ်ထဲကနေ ဆယ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်တပ် ရဟတ်ယာဉ် တိုက်မိပြီး မြစ်ထဲကို နှစ်စီးလုံး ပျက်ကျခဲ့တဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေပါတယ်။

သတင်း

“ဖရဲသီးက ရတာကတော့ ရဟတ်ယာဉ်ထိခိုက်မှုရှိတယ်လို့တော့ ကျနော်တို့ ကြားပါတယ်။” - CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီ

နိုင်ငံတကာ

ပထမဆုံး အကြိမ်အဖြစ် ရေတပ်သုံး ဒရုန်းတစ်စီးက လေထဲ ပျံသန်းနေတဲ့ ရန်သူ့ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။