Connect with us

Hi, what are you looking for?

ဗီဒီယို

ရဟတ်ယာဉ် ၁ စီး၊ ကား ၄ စီးနဲ့ ငွေသားတွေတင်ပြီး အာဖဂန်က ထွက်ပြေးခဲ့တယ်ဆိုတဲ့ သမ္မတဟောင်း ဂါနီ

အာဖဂန် နစ္စတန် သမ္မတဟောင်း အက်ရှ်ရက်ဖ် ဂါနီဟာ ရဟတ်ယာဉ် ၁ စီး၊ ကား ၄ စီးနဲ့အပြည့် ငွေသားတွေ တင်ဆောင်ပြီး ပြည်ပကို ထွက်ပြေးသွားကြောင်း ရုရှား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ရုရှား အစိုးရပိုင် မီဒီယာ တစ်ခုဖြစ်တဲ့ RIA Novostiက အာဖဂန်ကို တာလီဘန် စစ်သွေးကြွတွေ သိမ်းပိုက်လိုက်တဲ့ အချိန်မှာ သမ္မတ ဂါနီက ဘယ်လို ဘယ်ပုံ လျှို့ဝှက် လွတ်မြောက်သွားသလဲ ဆိုတာကို ဖွင့်ချခဲ့တာပါ။ အာဖဂန်ကနေ အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းသွားပြီး လပိုင်း အတွင်းမှာတင် တာလီဘန်တွေက ကဘူးလ် မြို့တော်ထိ ချီတက် သိမ်းပိုက် နိုင်ခဲ့ပါတယ်။

ကဘူးလ်မှာ ရှိနေတဲ့ ရုရှားသံရုံး တာဝန်ရှိသူ တစ်ဦးက ရှုပ်ထွေးတဲ့ အခြေအနေတွေအတွင်း ဂါနီ ဘယ်လို ထွက်ပြေးသွားသလဲ ဆိုတာက စိတ်ဝင်စားဖို့ကောင်းကြောင်း၊ ဂါနီရဲ့ လူယုံတော်တွေက ကား ၄ စီးနဲ့အပြည့် ငွေသားတွေ တင်ဆောင်ခဲ့ကြောင်း၊ ဒါ့အပြင် နောက်ထပ် ပိုနေတဲ့ ငွေစက္ကူတွေကိုလည်း ရဟတ်ယာဉ် တစ်စီးပေါ် အပြည့်အသိပ် တင်ဆောင် ယူသွားကြောင်း RIA Novostiကို ပြောကြားခဲ့ပါတယ်။

ဂါနီက သူဟာ ကဘူးလ်မှာ သွေးချောင်းစီး ဖြစ်ရပ်တွေ ကြုံမလာစေချင်လို့ ပြည်ပကို တိမ်းရှောင်သွားကြောင်း Facebookပေါ်မှာ ရေးသားထားပါတယ်။ ဂါနီဟာ အိမ်နီးချင်း တာဂျီကစ္စတန်၊ ဒါမှမဟုတ် ဥဇဘက်ကစ္စတန် နိုင်ငံတွေဆီ ရောက်ရှိနေတာ ဖြစ်နိုင်ကြောင်း ခန့်မှန်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘယ်အစိုးရကမှ တရားဝင် အတည်ပြု ကြေညာထားတာမျိုး မရှိပါဘူး။

ရုရှား အစိုးရရဲ့ အာဖဂန် နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဇာမား ကာဘူလော့ဗ်ကတော့ ဂါနီ ထွက်ပြေးသွားပုံဟာ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတယ်လို့ ဝေဖန်ထားပါတယ်။ အမေရိကန်ဟာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ကို ရှင်းလင်းဖို့အတွက် တာလီဘန်ကို ကျူးကျော် စစ်ပြုခဲ့ပြီး နှစ်ပေါင်း ၂၀ အကြာမှာ တပ်တွေ ပြန်လည် ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။