Connect with us

Hi, what are you looking for?

ဗီဒီယို

ပြည်တွင်းမှာပိုကြပ်တည်းလာတာ​ကြောင့် ထိုင်းဘက်ကိုခိုးဝင်အလုပ်ရှာသူ​တွေများ​နေ

ထုတ်ပြန်ချက်တစ်ခုအရ ထိုင်းမြန်မာနယ်စပ်တွေမှာ မြန်မာနိုင်ငံသား ၂၇၀၀ ကျော် လူကုန်ကူးမှုခံနေရတယ်လို့ ဦးမိုးကျော်က ပြောပါသေးတယ်။

စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါအပြင် အထွေထွေကုန်စျေးနှုန်းတက်ပြီး အလုပ်အကိုင်ရှားပါးလာတာကြေင့် ထိုင်းနိုင်ငံထဲကို မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေတရားမ၀င် ၀င်ရောက်မှု များနေဆဲဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ မဲဆောက်တာ၀န်ခံ ဦးမိုးကျော်က ပြောပါတယ်။

အခုလတွေအတွင်း တရားမ၀င် ၀င်ရောက်လာတဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ထိုင်း မြန်မာနယ်စပ်နေရာတွေမှာ ထိုင်းလုံခြုံရေးအဖွဲ့ရဲ့ ဖမ်းဆီးထောင်ဒဏ်ချတာကို ခံခဲ့ရတာလို့ သိရပါတယ်။

ထုတ်ပြန်ချက်တစ်ခုအရ ထိုင်းမြန်မာနယ်စပ်တွေမှာ မြန်မာနိုင်ငံသား ၂၇၀၀ ကျော် လူကုန်ကူးမှုခံနေရတယ်လို့ ဦးမိုးကျော်က ပြောပါသေးတယ်။

တရားမ၀င် လမ်းကြောင်းကနေတစ်ဆင့် ၀င်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ပွဲစားခဖြစ် ဘတ် ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးဆောင်ခဲ့ရတဲ့အပြင် ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်ရရှိမှုက သိပ်မသေချာတဲ့အတွက် ထိုင်းကိုလာရောက်အလုပ်လုပ်ကိုင်ဖို့ သေချာစဉ်းစားစေချင်တယ်လို့ ဦးမိုးကျော်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ရောဂါ ရှိမရှိ ထိုင်းလုံခြုံရေးအဖွဲ့က စစ်ဆေးပေးရာ အများစုက ပိုးမတွေ့ပဲ ပိုးတွေ့သူအနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

ထိုင်းအလုပ်သမား၀န်ကြီးဌာနရဲ့အလုပ်သမားလိုအပ်ချက်ရှိတယ်ဆိုတဲ့ ထုတ်ဖော်ပြောကြားတဲ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နေထိုင်ခွင့်ကဒ် (ပန်းရောင်ကဒ်) လုပ်ဖို့ရှိတာကြောင့် အခုလို ရွှေ့ပြောင်းမြန်မာလုပ်သားတွေ ၀င်ရောက်လာမှုများတဲ့ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄၈ ခုမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂၅ ဘီလီယံကျော်ထိ များပြားနိုင်တယ်လို့ သိရပါတယ်။

Trending

Facebook