Connect with us

Hi, what are you looking for?

ဗီဒီယို

အင်းစိန်အကျဥ်း​ထောင်ထဲက​နေ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ​တွေကို စလွှတ်​ပေး​နေပြီဖြစ်ပါတယ်

ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်နဲ့ သတင်းသမားတွေပါတယ်လို့ နာမည်စာရင်းတွေထွက်နေတာတော့ရှိပါတယ်။

အင်းစိန်အကျဥ်း​ထောင်ထဲက​နေ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ​တွေကို စလွှတ်​ပေး​နေပြီဖြစ်ပါတယ်။လောလောဆယ်အထိတော့ ကား နှစ်စီးပဲထွက်လာပြီဖြစ်ပြီး ​ထောင်​ရှေ့မှာ မိသားစုဝင်​တွေ​တော်​တော်များများ​စောင့်​နေကြတာလည်းဖြစ်ပါတယ်။

“၅၀၅ တွေကို အကုန်လွှတ်ပေးမယ့်ပုံရှိတယ်။ တ‌စ်ဆောင်ချင်းရှင်းနေတာတယ်” လို့ အ‌ဆောင် ၂ က လွတ်​မြေက်ပြီးအခုပဲ အပြင်​ရောက်လာတဲ့လူငယ်က ​ပြောပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်လို့ အကြောင်းအမျိုးမျိုးနဲ့မတရားဖမ်းဆီးခံထားရသူ စုစုပေါင်း ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက မနေ့ အောက်တိုဘာ ၁၈ ရက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။မနေ့ညနေပိုင်းကတည်းက ထောင်တွေကနေ အမိန့်ချမှတ်ထားပြီးသူတွေအပါအဝင် ဖမ်းဆီထိန်းသိမ်းခံထားရသူအချို့ကိုလွှတ်ပေးခဲ့ပါတယ်။

ဒီကနေ့လွှတ်ပေးမယ့်အထဲမှာ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦးနဲ့ ထောင်ဒဏ်ချမှတ်ပြီးသူ ၁၃၁၆ ဦးပါဝင်ပြီး ဘယ်သူဘယ်ဝါတွေလွတ်လာမယ်ဆိုတာတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်နဲ့ သတင်းသမားတွေပါတယ်လို့ နာမည်စာရင်းတွေထွက်နေတာတော့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက စစ်မှု ထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။

သတင်း

ဒေါက်တာ ခလမ်ဆန်ဆွန်ကို တရားရုံးက အပြီးသတ် တရားစီရင်ချိန် ပုဒ်မ ၃ခုဖြင့် ထောင်ဒဏ် ၆နှစ်ချခံရ၍ ပြည်နယ်တရားရုံး၌ အယူခံဝင်ခဲ့ရာ ၂၀၂၃ အောက်တိုဘာလ အတွင်းက ပယ်ချခံရ၍ ပြည်ထောင်စုတရားရုံးချုပ်အထိ အယူခံဆက်တင်ရန် ရှိကြောင်း သိရသည်။

သတင်း

လက်ရှိအခြေအနေတွင် စစ်ကောင်စီက ၎င်းပြည်သူ ၁၅ ဦးကို သဇင်ရဲစခန်းမှတဆင့် ကျွန်းစုမြို့မရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်းသိရပြီး ကလေးငယ်သုံးဦးအပါအဝင် ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။