Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့နောက် ဆူဒန်ကို အဖွဲ့ဝင် နိုင်ငံအဖြစ်ကနေ အာဖရိက သမဂ္ဂ ဆိုင်းငံ့

စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားအပြီးမှာ ဆူဒန်နိုင်ငံကို အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ အာဖရိက သမဂ္ဂ (အေယူ)က ဆုံးဖြတ်လိုက်ပါတယ်။

အရင်က ဆူဒန်မှာ စစ်ဘက်-အရပ်ဖက် အာဏာမျှဝေ အုပ်ချုပ်နေရာက အခု သီတင်းပတ် အစောပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်လ် ဖာတား အယ်လ် ဘာဟန်က ပြည်တွင်းမှာ နိုင်ငံရေး သွေးကွဲမှုတွေ ဖြစ်ပေါ်နေပြီး ပြည်တွင်းစစ်ဆီ ဦးတည်လာတာကြောင့် ဒီအခြေအနေတွေကို တားဆီးဖို့ မလွှဲမရှောင်သာ အာဏာသိမ်းလိုက်ရကြောင်း ပြောပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ လက်နက်ကိုင် စစ်သားတွေ ဖမ်းဆီးတာ ခံလိုက်ရတဲ့ ဝန်ကြီးချုပ် အက်ဘ်ဒယ်လာ ဟမ်းဒေါ့ခ်ကတော့ လောလောဆယ် နေအိမ်ကို ပြန်ရောက်နေပြီး အကျယ်ချုပ်နဲ့ စောင့်ကြည့် ခံနေရပါတယ်။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကတော့ မြို့တော် ခါတွမ်မှာရော၊ တခြားမြို့ကြီးတွေမှာပါ အင်နဲ့အားနဲ့ ပေါ်ပေါက်နေပါတယ်။

အခုတော့ အေယူက ဆူဒန်နိုင်ငံကို အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့လိုက်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရေး ပီပီပြင်ပြင် ဖြစ်မြောက် မလာမချင်း ပြန်လက်ခံမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ဆူဒန်ဆီ ပေးပို့မယ့် ဒေါ်လာ သန်း ၇၀၀ လောက် တန်ဖိုးရှိတဲ့ အထောက်အပံ့တွေကို ဆိုင်းငံ့ထားလိုက်ပြီး ဥရောပ သမဂ္ဂကလည်း အလားတူ အရေးယူမယ်လို့ ခြိမ်းခြောက် သတိပေးထားပါတယ်။

ပြည်တွင်းမှာတော့ စစ်တပ် အုပ်စိုးမှုကို ဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေ ပိုမို အားကောင်းလာပါတယ်။ ဆရာဝန်တွေ၊ ဘဏ်ဝန်ထမ်းတွေက အစပြုခဲ့တဲ့ CDM လှုပ်ရှားမှုဟာ အခုဆိုရင် ရေနံလုပ်ငန်းတွေ၊ တခြားကဏ္ဍတွေထိ ပျံ့နှံ့လာနေပြီ ဖြစ်ပါတယ်။ စစ်သားတွေကလည်း ခါတွမ်နဲ့ တခြားမြို့တွေမှာ ထင်ရှားတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကို တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း သိရပါတယ်။ ဆူဒန်မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်ကြီး ဘာဟန်က သူဟာ အာဏာ မျှဝေထားချိန်တုန်းက သဘောတူထားတဲ့အတိုင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ရွေးကောက်ပွဲ ကျင်းပပေးပြီး အရပ်သား အစိုးရ တစ်ရပ်ဆီ အာဏာလွှဲအပ်မယ်လို့ ပြောကြားထားပေမယ့် လေ့လာသူတွေကတော့ စစ်တပ်ရဲ့ ကတိကဝတ်ဟာ ယုံကြည်နိုင်စရာ မရှိဘူးလို့ ဝေဖန်ထားကြပါတယ်။ ဝန်ကြီးချုပ် ဟမ်းဒေါ့ခ်နဲ့ ဇနီးတို့ကို ဖမ်းဆီးထားတာကိုလည်း နိုင်ငံတကာ ဝေဖန်မှုတွေ အရမ်းအရှိန်မြင့်လာမှသာ စစ်တပ်က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖရိကတိုက်ရဲ့ အပူချိန် မြင့်တက်လာမှုကြောင့် သဲကန္တာရတွေမှာ ရှင်သန်ကျက်စားနိုင်တဲ့ ကုလားအုတ်တွေတောင် တောင့်မခံနိုင်ဘဲ သေဆုံးကုန်ကြောင်း သိရပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။