Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

လုပ်ငန်းရှင်ကြီးတွေ NUG အစိုးရ ကို အခွန်ဆောင်ခဲ့တဲ့ အထောက်အထားယူထားဖို့လို

NUG အစိုးရအနေနဲ့ အခွန်ဥပဒေကိုပြဌာန်းထားပြီး ဒီဥပဒေအရ ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့စီးပွားရေးလုပ်ငန်းတွေလည်းအခွန်ဆောင်ဖို့ပါတယ်လို့ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီးကပြောပါတယ်။

တော်လှန်ရေးအပြီး တိုင်းပြည်ကိုပြန်လည်ထူထောင်တဲ့အခါမှာ တရားဝင်အစိုးရ NUG ကို အခွန်ထမ်းခဲ့တဲ့သူ လုပ်ငန်းရှင်တွေနဲ့သာလက်တွဲမယ် NUG အစိုးရက အသိပေးလိုက်ပါတယ်။

NUG အစိုးရအနေနဲ့ အခွန်ဥပဒေကိုပြဌာန်းထားပြီး ဒီဥပဒေအရ ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့စီးပွားရေးလုပ်ငန်းတွေလည်းအခွန်ဆောင်ဖို့ပါတယ်လို့ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီးကပြောပါတယ်။

ဒီကာလဟာ ပြည်သူတွေအတွက် ခက်ခဲတဲ့ကာလဖြစ်လို့အခွန်နှုန်းထားတွေကို အတတ်နိုင်ဆုံးလျော့ထားတဲ့အပြင် အခွန်ဆောင်ဖို့အတွက် လုံခြုံရေးစိတ်ချရဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အခွန်မဆောင်တဲ့သူတွေအနေနဲ့ တော်လှန်ရေးအပြီးမှာ တည်ဆဲဥပဒေတွေအရ အခွန်ရှောင်တာတွေ့ရင် အရေးယူမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။