Connect with us

Hi, what are you looking for?

ဗီဒီယို

YBS တွေပေါ်မှာ ခါးပိုက်နှိုက်တွေ အုပ်စုလိုက်သောင်းကျန်းနေ

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ YBS ကားတွေက အရင်လို စပယ်ယာတွေပြန်လိုက်နေတာ၊ ပြိုင်းမောင်း၊ အော်ဟစ်ဆဲဆိုတာတွေက ဟိုအရင် YBS တွေလို ပြန်လည်ဆုတ်ယုတ်နေတာလည်းဖြစ်ပါတယ်။

YBS လိုင်းကားတွေပေါ်မှာ ခါးပိုက်နှိုက်တွေသောင်းကျန်းနေတယ်လို့ ရန်ကုန်က လိုင်းကားစီးခရီးသည်တွေက ပြောနေကြပါတယ်။

YBS 7 လိုင်းမှာ ခါးပိုက်နှိုက်တာတွေနေ့တိုင်းကိုဖြစ်နေပြီး ဖုန်းအနှိုက်ခံရတာတွေပဲကြုံနေရတယ် YBS 7 ကိုနေ့တိုင်းစီးနင်းနေတဲ့ ခရီးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ခါးပိုက်နှိုက်တွေက အုပ်စုဖွဲ့ ပြစ်မှူကျူးလွန်တာဖြစ်ပြီး တုတ်၊ ဓား လက်နက်ကိုင်ဆောင်ထားနိုင်တာကြောင့် ခါးပိုက်နှိုက်တွေကို မျက်မှန်းတန်းနေပေမယ့် မပြောရဲဘူးလို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

“ညနေအလုပ်အပြန် (7) ကားပေါ်မှာပဲကိုယ်မြင်နေကျ ခါးပိုက်နှိုက်အဖွဲ့တက်လာတာမြင်တယ်။ ဘေးနားက အမကိုတော့ စာနဲ့အသာလေးသတိပေးလိုက်တယ်။ စံပြစျေးရောက်တော့ တက်လာတဲ့ အမျိုးသမီးတစ်ယောက် နှစ်မှတ်တိုင်ပဲစီးရသေးတယ် ကိုယ့်ရှေ့မှာတင်ဖုန်းအနှိုက်ခံလိုက်ရပြန်တယ်” လို့ မျက်မြင်ကြုံခဲ့ရတဲ့ ခရီးသည် တစ်ဦးက သူ့အတွေ့အကြုံကို YBS လမ်းညွှန် Group ထဲမှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

YBS လမ်းညွှန် Group က လိုင်းကားတွေပေါ်မှာ ဖြစ်ပျက်နေတဲ့အခက်အခဲတွေနဲ့ YBS ခရီးသည်တွေကြား မျှဝေတဲ့ နေရာလည်းဖြစ်ပါတယ်။

ခါးပိုက်နှိုက်တွေက အဖွဲ့လိုက်ဖြစ်ပြီးတော့ နှိုက်ပြီးတာနဲ့ ဆင်းသွားတာမြန်လို့ ကားပေါ်ကလူတွေသတိမထားမိလိုက်ကြတာများပြီးတော့ သူကိုယ်တိုင်မြင်နေကျ အဖွဲ့တွေကို သတိထားမိနေပြီး အချို့ကိုမှတ်တောင်မှတ်မိနေပေမယ့် ဘယ်ကို သွားတိုင်ရမလဲ မသိဘူးလို့ KO KO အမည်နဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦီးလည်း သူ့အတွေ့အကြုံကို ရေးသားထားပါတယ်။

ခါးပိုက်နှိုက်ခံရချိန် သိလို့အကူအညီတောင်းတဲ့အခါမှာလည်း ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေက မဆိုင်သလိုနေတာကို ကြုံရတဲ့ ဖြစ်စဥ်တွေလည်းရှိတာကြောင့် ခါးပိုက်ခံရသူကြုံလာရင် ခရီးသည်တွေစည်းလုံးကြဖို့ နိုဝင်ဘာ ၈ ရက်တုန်းက ဖုန်းခါးပိုက်နှိုက်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးက တိုက်တွန်းရေးသားထားပါသေးတယ်။

အရင် YBS 7 ပေါ်က ခါးပိုက်နှိုက်အဖွဲ့က အခုဆိုရင် YBS 60 ပေါ်ခြေရှုပ်နေကြပြီး ၃ ယောက်အဖွဲ့ကို သတိထားဖို့ ခရီးသွားတစ်ဦးက အဲဒီ လမ်းညွှန် Group ထဲမှာ သတိပေးရေးထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ YBS ကားတွေက အရင်လို စပယ်ယာတွေပြန်လိုက်နေတာ၊ ပြိုင်းမောင်း၊ အော်ဟစ်ဆဲဆိုတာတွေက ဟိုအရင် YBS တွေလို ပြန်လည်ဆုတ်ယုတ်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သရော်စာ

YBS ကားတွေပေါ်မှာ ငွေစုပ်ဖုတ်ကောင်တွေ သောင်းကျန်းနေတယ်။

သတင်း

YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာလကစတင်ပြီး အရင်‌ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာ​ကြောင့်ပြည်သူ​တွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့​နေပြည်သူတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

Facebook