ဘားအံမြို့နယ် ဘုရားလုံကျောင်းတိုက်ကထိန်ပွဲတော်မှာ ကျင်းပပြုလုပ်တဲ့ မီးပုံးပွဲတော်ဖြစ်ပါတယ်။
ဒီကနေ့ ဘုရားလုံကျောင်းတိုက်ကထိန်ပွဲရဲ့ မီးပုံးလွှတ်တင်တဲ့ပွဲတော်မှာ လူဦးရေထောင်နဲ့ချီလာရောက်ခဲ့ကြပြီး ကားတန်းတွေလည်း ပိတ်ဆို့မှု ဖြစ်ခဲ့ကာ ပွဲတော်လာရောက်ကြသူအများစုက Mask မတပ်တာကို တွေ့ရပါတယ်။
မီးပုံးပွဲတော်ကို တစ်နှစ်တစ်ခါ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသတွင်းမှာ ထင်ရှားတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။