Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

မြန်မာဘီယာ မူပိုင်ခွင့်အတွက် ဦးပိုင်နဲ့ တရားပြိုင်ရဖွယ် ရှိနေတဲ့ Kirin

အခု အခါမှာတော့ Myanmar Breweryနဲ့ မြန်မာဘီယာ အမှတ်တံဆိပ်တွေကို ဆက်လက် ထိန်းချုပ်ထားခွင့် ရဖို့အတွက် နိုင်ငံတကာ တရားစီရင်ရေး ကဏ္ဍကို အားကိုးဖို့ Kirinက ခြေလှမ်း ပြင်လာခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒီကိစ္စဟာ အလားအလာ မရေမရာ ဖြစ်နေပေမယ့် Kirinမှာ ရွေးစရာလည်း သိပ်မရှိနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

မြန်မာဘီယာ ထုတ်လုပ်ခဲ့တဲ့ ဖက်စပ် လုပ်ငန်းကို ပိုင်ဆိုင် ထိန်းချုပ်ခွင့်အတွက် ဂျပန် ဘီယာ လုပ်ငန်းစုကြီး Kirinနဲ့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး ဦးပိုင် လီမိတက်တို့ တရားပြိုင်ကြရဖွယ် ရှိနေပါတယ်။

Kirinနဲ့ ဦးပိုင်တို့ ပူးပေါင်း ထူထောင်ထားတဲ့ Myanmar Breweryက ထုတ်လုပ်တဲ့ ဘီယာတွေဟာ တစ်နိုင်ငံလုံး ဘီယာစျေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ခဲ့ဖူးပါတယ်။ Myanmar Breweryက ထုတ်လုပ်တဲ့ မြန်မာဘီယာဟာ ပြည်တွင်းမှာ ရောင်းအား အကောင်းဆုံး ဘီယာအဖြစ် ရပ်တည်ခဲ့ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အခြေအနေတွေက ရှုပ်ထွေးကုန်ပြီး Kirinနဲ့ ဦးပိုင်ကြားမှာလည်း အက်ကြောင်းတွေ ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ လမှာတော့ ဖက်စပ် လက်တွဲ ဆောင်ရွက်မှုကို ရပ်ဆိုင်းဖို့ Kirinကရော၊ ဦးပိုင်ကပါ အသီးသီး ကြေညာလာခဲ့ပါတယ်။

ဒါပေမဲ့ အကျိုးအမြတ် များပြားလွန်းတဲ့ Myanmar Brewery ကုမ္ပဏီကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့ကိုတော့ နှစ်ဖက်စလုံးက အလို ရှိနေကြဆဲပါ။ မူလ သဘောတူညီမှုတွေအရ Myanmar Breweryရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Kirinက ပိုင်ဆိုင်ပြီး ၄၉ ရာခိုင်နှုန်းကို ဦးပိုင်က ထိန်းချုပ်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခု အခါမှာတော့ Myanmar Breweryနဲ့ မြန်မာဘီယာ အမှတ်တံဆိပ်တွေကို ဆက်လက် ထိန်းချုပ်ထားခွင့် ရဖို့အတွက် နိုင်ငံတကာ တရားစီရင်ရေး ကဏ္ဍကို အားကိုးဖို့ Kirinက ခြေလှမ်း ပြင်လာခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒီကိစ္စဟာ အလားအလာ မရေမရာ ဖြစ်နေပေမယ့် Kirinမှာ ရွေးစရာလည်း သိပ်မရှိနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

ကုမ္ပဏီရဲ့ ဦးစားပေး ရည်မှန်းချက်က မြန်မာနိုင်ငံမှာ လုပ်ငန်း ဆက်လက် လည်ပတ်ဖို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကနေ အပြီးတိုင် ထွက်ခွာဖို့ ဆိုတာဟာ နောက်ဆုံးဘူတာလို့ သတ်မှတ်ထားကြောင်း Kirinရဲ့ အမှုဆောင်ချုပ် ယိုရှီနိုရီ အီဆိုဇာကီက Nikkei Asian Reviewကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ခုံရုံး ကြားနာ စစ်ဆေးမှုတွေဆိုတာ အဖြေတစ်ခု ထွက်လာဖို့ တစ်နှစ်၊ နှစ်နှစ်လောက် ကြာမြင့်တတ်ကြောင်း၊ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် Kirinက နှစ်နှစ်လောက် စောင့်နေနိုင်မှာ မဟုတ်ကြောင်းလည်း သူက ဝန်ခံပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေး မတည်ငြိမ်မှုတွေ မြင့်တက်လာချိန်မှာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီး တချို့ဟာ မြန်မာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ ဂျာမန် စူပါမားကက် လုပ်ငန်းကြီး Metroနဲ့ British American Tobacconတို့လည်း ပါဝင်ပါတယ်။ တောင်ကိုရီးယား သံမဏိ လုပ်ငန်းစုကြီး Posco ဆိုရင်လည်း Kirinနည်းတူ ပြဿနာမျိုး ကြုံနေရပြီး ဦးပိုင်နဲ့ ဖက်စပ် ထူထောင်ထားတဲ့ ကုမ္ပဏီ အရောင်းအဝယ် ကိစ္စ ညှိနှိုင်းမှုတွေ အဆင်မပြေ ဖြစ်နေပါတယ်။

နော်ဝေး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Telenorကလည်း မြန်မာနိုင်ငံက လုပ်ငန်းခွဲ တစ်ခုလုံးကို လက်ဘနွန် အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုဆီ လက်လွှဲ ရောင်းချတော့မယ်လို့ ဇူလိုင်လမှာ ထုတ်ပြန်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယခုအရေးပိတ်ဆို့မှုသည် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ကို တင်ပို့မှုများ၊ တဆင့်တင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ခြင်းဖြစ်ပြီးစစ်တပ်က အာဏာသိမ်းခဲ့မှုနှင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းမှုများအတွက် တာ၀န်ရှိမှုအတွက်ဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ််ရေးဝန်ကြီးဌာနက ဆိုသည်။

သတင်း

ရှယ်ယာများဝယ်ယူပြီးပါက ဘရူဝါရီကုမ္ပဏီများတွင် ဂျပန်ကုမ္ပဏီကီရင်၏ ပိုင်ဆိုင်မှု အကျိုးခံစားခွင့်များကို ရပ်စဲသွားမည်ဟုဆိုသည်။

သတင်း

ဒါအပြင် အဲဒီအကျိုးအမြတ်တွေကို အသုံးပြုပြီး စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်းက ပြည်သူ့တွေအပေါ် သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်လို့လည်း NUG က ကြေညာချက်ထဲမှာထည့်သွင်းထားတာတွေ့ရပါတယ်။

သတင်း

ဒေါ်နွယ်နီလှိုင်နှင့် အတူပါလာသော ထွေအုပ်ရုံးဝန်ထမ်း အကြိုအပို့ လုပ်သူတစ်ဦးမှာ မိမိတို့ တပ်ဖွဲ့ဝင်များကို တုံပြန်ရန်ရှာရန်ပြုမူသဖြင့် သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်သတိပေးခဲ့ကြောင်းလည်း SDGF အဖွဲ့က ဆိုသည်။