Connect with us

Hi, what are you looking for?

ဗီဒီယို

လူနာတွေရဲ့ အသည်းမှာ လက်မှတ်ထိုးခဲ့တဲ့ ဗြိတိန် ဆရာဝန် လိုင်စင်ပိတ်သိမ်းခံရ

ဒေါက်တာ ဘရမ်ဟောလ်ဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီနဲ့ ဩဂုတ်လတွေတုန်းက အသည်းအစားထိုး ကုသမှု ခံယူတဲ့ လူနာနှစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ လက်မှတ် ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ သူက အသည်းတွေပေါ်မှာ လက်မှတ် ထိုးဖို့အတွက် ခွဲစိတ် အထူးကု ဆရာဝန်တွေ သုံးလေ့ရှိတဲ့ Argon Beam Coagulator တစ်ခုကို အသုံးပြုခဲ့ပါတယ်။

ခွဲစိတ်ပေးခဲ့တဲ့ လူနာတွေရဲ့ အသည်းမှာ လက်မှတ် ထိုးပေးလိုက်တဲ့ ဗြိတိန် ဆရာဝန် တစ်ဦးဟာ ဆေးကုသခွင့် လိုင်စင် ပိတ်သိမ်း ခံလိုက်ရပါတယ်။

ခွဲစိတ် ဆရာဝန် ဒေါက်တာ ဆိုင်မွန် ဘရမ်ဟောလ်ရဲ့ ဆေးကုသခွင့် လိုင်စင်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဗြိတိန် အထွေထွေ ဆေးပညာ ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ သူဟာ ဗြိတိန်နိုင်ငံမှာ ဆက်ပြီး ဆေးဝါးကုသခွင့် မရှိတော့ပါဘူး။

ဒေါက်တာ ဘရမ်ဟောလ်ဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီနဲ့ ဩဂုတ်လတွေတုန်းက အသည်းအစားထိုး ကုသမှု ခံယူတဲ့ လူနာနှစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ လက်မှတ် ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ သူက အသည်းတွေပေါ်မှာ လက်မှတ် ထိုးဖို့အတွက် ခွဲစိတ် အထူးကု ဆရာဝန်တွေ သုံးလေ့ရှိတဲ့ Argon Beam Coagulator တစ်ခုကို အသုံးပြုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဘရမ်ဟောလ် ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ စစ်ဆေး ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ တစ်ဖက်သား ထိခိုက် နစ်နာစေမှုနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။ အဲဒီတုန်းက အသည်းအစားထိုး ကုသမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် တခြား ခွဲစိတ် ဆရာဝန် တစ်ဦးက တာဝန်ယူ ကုသပေးချိန်မှာ ဘရမ်ဟောလ်ရဲ့ လက်မှတ်ကို တွေ့ရှိသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီအကြောင်းကို ကြားသိတဲ့နောက် လူနာတစ်ဦးဟာ အကြီးအကျယ် စိတ်ထိခိုက် ခံစားခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက် ကုသမှုတွေပါ ခံယူနေရတယ်လို့ ဆိုပါတယ်။ တရားရုံးမှာ စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့နောက် ဘရမ်ဟောလ် စတာလင်ပေါင် တစ်သောင်း ဒဏ်ကြေး ချမှတ် ခံခဲ့ရပြီး လူမှုအကျိုးပြု လုပ်ငန်းတွေမှာပါ လုပ်အားပေး ဆောင်ရွက်ခဲ့ရပါတယ်။ အခုတော့ ဆေးကုသခွင့် လိုင်စင်ပါ အသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

ဘရမ်ဟောလ်ဟာ ဗြိတိန်မှာ လူသိများတဲ့ ခွဲစိတ် အထူးကုတစ်ဦး ဖြစ်သလို ဆေးရုံကြီး တချို့မှာ အကြံပေး အရာရှိ၊ ဆေးတက္ကသိုလ် တချို့မှာ သင်ကြားရေးမှူး အစရှိတဲ့ တာဝန်တွေလည်း ယူခဲ့ဖူးပါတယ်။

သူ့ရဲ့အမှုကို တရားရုံး စီရင်ချက် ချအပြီးမှာ ဘရမ်ဟောလ်ရဲ့ ဆေးကုသခွင့် လိုင်စင်ကို ၅ လကြာ ဆိုင်းငံ့ထားဖို့ ဆေးပညာ ကောင်စီက ကနဦး ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမှုကို ပြန်လည် သုံးသပ်ပြီး ရာသက်ပန် ဆေးကုသခွင့် ပိတ်ဖို့ ပြောင်းလဲ သတ်မှတ်လိုက်တာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။