Connect with us

Hi, what are you looking for?

ဗီဒီယို

မစ္စတာဆာဆာဂါဝါနဲ့ ကေအဲယူန်ဥက္ကဌ ဘာတွေဆွေးနွေးခဲ့ကြသလဲ

ဂျပန်နိုင်ငံ မြန်မာနိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနဲ့ ကေအဲယူန်ဥက္ကဌတို့ မတ်လ ၁၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာတွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတာနီးကို မေးမြန်းထားတာဖြစ်ပါတယ်။

️ ချင်းမိုင်မှာ မနေ့က နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာဂါဝါနဲ့ ကေအဲယူန်ဥက္ကဌတို့ တွေ့ဆုံကြတာမှာ ဘာတွေဆွေးနွေးကြသလဲ။

ထူးခြားတာဘာမှမရှိပါဘူး။ ဟိုကိစ္စတွေပဲသိရတယ်လေ။ စစ်ဘေးရှောင်သည်ကိစ္စတွေပဲ ပြောတာပဲကြားရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီစစ်ဘေးရှောင်တွေက ဟိုးဒီဇင်ဘာလကတည်းက အခုဆိုသုံးလလောက်ရှိပြီလေ။ အိမ်လည်းမပြန်နိုင်ဘူးဆိုတော့။ သူတို့ပြန်လာနိုင်ဖို့အတွက်ကတော့ ထားပါတော့။ ဘာဖြစ်လို့လည်းဆိုတော့ အခုက နေ့တိုင်းလိုလို တိုက်ပွဲတွေကဖြစ်တယ်။ လေယာဉ်ပျံနဲ့လာပစ်တာလည်းရှိတယ် မနေ့တစ်နေ့ကပဲဆိုတော့။ ဒီဟာတွေက မတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ ဘယ်လိုမှပြန်နိုင်စရာအကြောင်းမရှိဘူး။ ဒါပေမဲ့ တခုရှိတာက သူတို့ပြေးလွှားရင်းနဲ့ပဲ နေဖို့စားဖို့ဆိုတာလည်း သိပ်အရေးကြီးတယ်လေ။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ကြားရသလောက် အဲ့ဒါပဲပြောကြတယ်။ ဘယ်လိုနည်းနဲ့ကူညီနိုင်မလဲနော်။ ဘယ်လိုဆက်ပြီးတော့ စားဖို့သောက်ဖို့ကိစ္စတွေ အရေးပေါ်လိုအပ်တဲ့ဟာတွေ ဘယ်လိုနည်းနဲ့ ပို့နိုင်မလဲ ကူညီနိုင်မလဲ လမ်းကြောင်းတွေပေါ့နော်။ ဒါကတော့ဖြစ်နိုင်ချေတွေပဲ ပြောကြာတာပဲရှိပါသေးတယ် ဘာမှလည်းမသိရပါဘူး။

️ မမစ္စတာဆာဆာဂါဂါဝါ တိုင်းရင်းသားအဖွဲ့ သုံးဖွဲ့နဲ့ သီးခြားစီတွေ့ဆုံခဲ့တဲ့အပေါ် ပဒိုအနေနဲ့ ဘယ်လိုသုံးသပ်လို့ရနိုင်မလဲ။

သုံးသပ်လို့မရဘူး ဘာတွေပြောလို့ပြောမှန်းမှ ကျနော်တို့မှမသိရဘူးဆိုတော့။ ဒါခန့်မှန်းတွက်ချက်ပြောနေကြတယ် သုံးသပ်ကြတာပဲရှိတာပဲ။ ဟိုကချဉ်းကပ်လာတဲ့အပိုင်းဆိုတော့ ကျနော်တို့ကြားရတယ် ဒါပေမယ့် ဘာတွေပြောလို့ပြောလို့မှန်းမသိဘူးလေ။ တခြားအဖွဲ့တွေပြောတဲ့ဆိုတဲ့ဟာတွေလည်း ကျနော်တို့ဘာမှမသိရဘူးဆိုတော့ ခန့်မှန်းရခက်တယ်။

Public Service Announcement

Public Service Announcement

️ လေးကေကော်နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတာရောရှိပါသလား။

မရှိဘူးလို့သိရတယ်။ ရှိလည်းမလွယ်ဘူး။ ခုနပြောသလိုပဲလေ။ တိုက်ပွဲတွေကနေ့တိုင်းဖြစ်တော့ ဒီမြို့ကြီးကိုပြန်လာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ ဒီချိန်ဒီကာလဆိုတော့။ လောလောဆယ်ကတော့ အရေးပေါ်အတွက်လိုအပ်မယ့်ဟာတွေလောက်ပဲ လုပ်နိုင်ဦးမယ်လို့ ယူဆတယ်။

️ မစ္စတာဆာဆာဂါဂါဝါလမ်းကြောင်းကနေ ငြိမ်းချမ်းရေးစကား ကမ်းလာခဲ့ရင်ရော ယုံကြည်ရနိုင်မလား

အဲ့ဒါတွေလုပ်ဖို့အတွက်လေ ကျနော်တို့မှာအရေးတကြီးလုပ်ရမယ့်ဟာဘာလည်းဆိုတော့ ကျနော်တို့နယ်မြေမှာ အခုဖြစ်ရှိနေတဲ့ တိုက်ပွဲတွေနေ့တိုင်းဖြစ်နေတဲ့ကိစ္စဟာ တဖက်ကနေ အပစ်အခတ်ရပ်စဲရေးပြောတယ်။ သို့သော်ငြားလည်းပဲ ဒီလိုတိုက်ပွဲတွေကနေ့တိုင်းဖြစ်တယ်။ ဖေဖေါ်ဝါရီလ တစ်လတည်းမှာတိုက်ပွဲဖြစ်တာ အကြိမ်ပေါင်း ၄၀၀ ကျော်တယ်။ သေတဲ့ကျဆုံးတဲ့ဂဏန်းဦးရေကလည်း ၃၀၀ အထက်မှာရှိတယ်။ အဲ့လိုမျိုးဖြစ်နေကြတာ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်ဖို့က အရမ်းခက်တယ်လေ။ အနည်းဆုံးအဆင့်တောင်မှ ဒီလိုတိုက်ပွဲတွေမရပ်နိုင်ဘူး။ နောက်ပြီးတော့ တပ်တွေမဆုတ်နိုင်ဘူးဆိုရင်လည်း ကျနော်တို့ဘက်ကလည်း ဒါတွေအများကြီးစဉ်းစားရခက်နေတယ်။ နောက်တခြားနဲ့ပတ်သက်တဲ့ ကိုယ်တစ်ယောက်တည်းကိုပဲကြည့်လို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကဒီနိုင်ငံထဲမှာအတူရှိနေတဲ့အခါကျတော့ ကြုံရ၊ ဆုံရခံစားရတဲ့ဟာတွေက အတူတူပဲလေ။ ကျနော်တို့ ပဲမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာဖြန့်ပြီးတော့ အကုန်လျှောက်ပြီးတော့ လူတွေသတ်၊ ဖျက်ဆီး၊ မီးရှို့ အဲ့ဒါတွေက နေရာတိုင်းမှာဖြစ်နေတဲ့အခါကျတော့ ရပ်ပစ်ဖို့လိုတာလေ။ ဒါကအနည်းဆုံးအဆင့်ကို ပြောတာပါ။ သတ်ဖြတ်တဲ့အဆင့်တောင်မှမရပ်နိုင်သေးပဲနဲ့ အပစ်အခတ်ရပ်စဲရေးခေါ်တယ် ငြိမ်းချမ်းရေးလာစကားပြောတယ် ဘာမှအဓိပ္ပါယ်မရှိဘူး အဲ့ဒါကြီးက။ လုံး၀မဖြစ်နိုင်တဲ့ဟာမရှိသလောက်ပဲ။ အဲ့ဒါကြောင့်မို့လို့ အနည်းဆုံးအဆင့်ပဲနော်။ ကျန်တဲ့ဟာတော့ ပြောစရာတွေအများကြီးတစ်ပုံကြီးပဲ။ ဒါပေမဲ့ဒီဟာလေးတောင်မှ အခုထက်ထိက လက်စမသတ်နိုင်ဘူးဆိုတော့ ဘယ်လိုလုပ်ပြီးတော့ဒီဟာကြီးက ဘယ်လိုသွားစကားပြောမှာလဲ ဘယ်လိုမှပြောနိုင်စရာအကြောင်းမရှိဘူး။

️ တခြားဖြည့်စွက်ပြောလိုတာရှိရင် ပြောပါဦး

ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ နိုင်ငံရေးပြသနာကို နိုင်ငံရေးနဲ့ဖြေရှင်းမယ်ဆိုတာကတော့ ကျနော်တို့ဘယ်လိုမှငြင်းလို့မရဘူး။ သို့သော်ငြားလည်းပဲ ဒီလိုသိရှိနေတဲ့အခြေအနေနဲ့ ကျနော်တို့ပြီးခဲ့တဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ကြုံတွေ့နေရတဲ့အနေအထားမျိုးမှာတော့ သူတို့ကိုယ်တိုင်က ဦးစီးဦးဆောင်​လာပြီးတော့ ပြောတဲ့ဆိုတဲ့ဟာတွေ ဒီဟာတွေဘယ်လိုမှဖြစ်နိုင်စရာအကြောင်းလည်းမရှိဘူး။ ကျနော်တို့ဖြစ်လာမယ့်အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာတွေကတော့ တကယ်ကို သတ်မှတ်ချက် သီးသီးသန့်သန့်နဲ့ကို သူတို့လက်ခံနိုင်မှပဲ စကားပြောလို့ရမယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။