Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း စစ်ပွဲမှာ ရုရှားစစ်တပ် ထိခိုက်ဆုံးရှုံးတဲ့ဦးရေ ၄ သောင်းလောက် ရှိနိုင်တယ်လို့ NATO ခန့်မှန်း

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်စေခဲ့ပါတယ်။ ဒီစစ်ပွဲမှာ NATO မဟာမိတ်တွေဟာ ယူကရိန်းကို ငွေကြေး၊ စစ်လက်နက်တွေ အလုံးအရင်းနဲ့ ကူညီနေတာ ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ ရုရှားဖက်က စစ်သည် အဆုံးအရှုံး အရေအတွက် ၄ သောင်းလောက်ထိ များပြားနိုင်ကြောင်း NATO မဟာမိတ် အဖွဲ့က ခန့်မှန်း ကြေညာခဲ့ပါတယ်။

ဒီအရေအတွက်ဟာ သေဆုံးတဲ့၊ ဒဏ်ရာရတဲ့၊ ဖမ်းဆီးခံရတဲ့ ဦးရေ အားလုံးကို ခြုံငုံ ဖော်ပြထားတာ ဖြစ်ပါတယ်။ NATO အဖွဲ့ရဲ့ အမည်မဖော်လိုတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦးက စစ်ထောက်လှမ်းရေး အချက်အလက်တွေကို ကိုးကားပြီး NBCနဲ့ AP သတင်းဌာနတွေဆီ အသိပေး ပြောကြားခဲ့တာပါ။

တစ်လပြည့်ခဲ့ပြီဖြစ်တဲ့ စစ်ပွဲအတွင်း ရုရှားစစ်သည် အသေအပျောက်က ၇ ထောင်နဲ့ ၁ သောင်းခွဲကြား ရှိလိမ့်မယ်လို့လည်း NATOက ယူဆထားပါတယ်။ ရုရှားစစ်တပ်ကတော့ ယူကရိန်းမှာ အကျအဆုံး ဘယ်လောက် ရှိသလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း မကြေညာခဲ့ပါဘူး။ ယူကရိန်း အစိုးရကတော့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရုရှားဗိုလ်ချုပ် ၂၀ မှာ ၅ ယောက်လောက်ကို သုတ်သင် ရှင်းလင်းခဲ့ပြီးပြီလို့ ပြောကြားထားပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကတော့ ယူကရိန်းမှာ မြေပြင်အခြေအနေကို အတိအကျ မသိနိုင်တဲ့အတွက် ရုရှားတပ်တွေ ဘယ်လောက် သေကြေနေတယ်ဆိုတာ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ NATO အရာရှိကတော့ လောလောဆယ် ရုရှားတပ်တွေဟာ သယ်ယူပို့ဆောင်ရေး၊ ရိက္ခာ အထောက်အပံ့ အစရှိတဲ့ ကဏ္ဍတွေမှာ အခက်တွေ့နေသလို စိတ်ဓာတ်လည်း ကျနေပြီလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်စေခဲ့ပါတယ်။ ဒီစစ်ပွဲမှာ NATO မဟာမိတ်တွေဟာ ယူကရိန်းကို ငွေကြေး၊ စစ်လက်နက်တွေ အလုံးအရင်းနဲ့ ကူညီနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။