Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း စစ်ပွဲကို ရပ်တန့်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပူတင်ပြော

ပူတင်က ရုရှားအနေနဲ့ လက်ရှိ အခြေအနေတွေမှာ ယူကရိန်းကို စစ်တိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ကြောင်း၊ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး ရုရှားစစ်တပ်ဟာ ရှေ့ဆက် စစ်ဆင်ရေးတွေဟာ စည်းချက်ညီညီနဲ့ တည်တည်ငြိမ်ငြိမ် ဆက်လက် အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

သူ့ရဲ့ မွန်မြတ်တဲ့ ရည်မှန်းချက်တွေ မပြည့်မချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲက ရပ်တန့်သွားဦးမှာ မဟုတ်ဘူးလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က စစ်ပွဲ စတင်ပြီး နောက်ပိုင်းမှာ လူမြင်ကွင်းရှေ့ သိပ်မထွက်တော့တဲ့ ပူတင်ဟာ ဧပြီ ၁၂ ရက်မှာတော့ စစ်ပွဲနဲ့ ပတ်သက်လို့ ရှားရှားပါးပါး တိုက်ရိုက် မှတ်ချက် ပေးလာခဲ့တာ ဖြစ်ပါတယ်။ သူက ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေမှုတွေဟာ တိုးတက်မှု မရှိတဲ့ လမ်းဆုံးကို ရောက်နေပြီလို့ ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး သီတင်းခြောက်ပတ် ကြာမြင့်လာပြီဖြစ်တဲ့ ကျူးကျော်စစ်ပွဲဟာ ရည်မှန်းထားတဲ့ လမ်းကြောင်းအတိုင်း အောင်မြင်နေတယ်လို့လည်း ပူတင်က ဆိုပါတယ်။

တစ်ဖက်မှာတော့ ယူကရိန်း အစိုးရ တာဝန်ရှိသူ တစ်ဦးက နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးမှုတွေ ခက်ခဲနေပေမယ့် ရှေ့ဆက်နေဆဲလို့ မှတ်ချက် ပေးထားပါတယ်။ ပူတင်ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်းက အာကာသ သိပ္ပံဌာန တစ်ခုကို သွားရောက်ချိန်မှာ စစ်ပွဲနဲ့ ပတ်သက်လို့ သူ့သဘောထားကို ထုတ်ပြောခဲ့တာပါ။ အဲဒီ ခရီးစဉ်မှာ မဟာမိတ် ဘီလားရုစ် နိုင်ငံရဲ့ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုလည်း လိုက်ပါခဲ့ပါတယ်။

အသက် ၆၉ နှစ်အရွယ် ပူတင်က သူဟာ ယူကရိန်းမှာ စစ်ဆင်ရေးတွေ ဆင်နွှဲစေခဲ့တာဟာ ရုရှားစကားပြောတဲ့ ဒေသခံတွေကို ကာကွယ် စောင့်ရှောက်ဖို့သာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ရုရှားက ယူကရိန်း အစိုးရဟာ နိုင်ငံ အရှေ့ဖျားက ရုရှားအနွှယ်ဝင်တွေအပေါ် ဖိနှိပ်ဆက်ဆံပြီး လူမျိုးသုဉ်း ရှင်းလင်းမှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်က ရုရှားအနေနဲ့ လက်ရှိ အခြေအနေတွေမှာ ယူကရိန်းကို စစ်တိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ကြောင်း၊ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး ရုရှားစစ်တပ်ဟာ ရှေ့ဆက် စစ်ဆင်ရေးတွေဟာ စည်းချက်ညီညီနဲ့ တည်တည်ငြိမ်ငြိမ် ဆက်လက် အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အခုအခါမှာ ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်ကို သိမ်းပိုက်မယ့် အစီအစဉ်ကို လက်လွှတ်လိုက်ပြီဖြစ်ပြီး ယူကရိန်း အရှေ့ဖျား နယ်မြေတွေကို စိုးမိုးဖို့ ရည်မှန်းချက် ပြောင်းလဲလာခဲ့ပါတယ်။ စစ်ပွဲ စတင်ချိန် ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ အပြစ်မဲ့ပြည်သူ ၁၀ သန်းကျော်လောက် ရှိလာပြီလို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။