Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ပွဲကို သံတမန်ရေး နည်းလမ်းနဲ့ပဲ ရပ်တန့်နိုင်မယ်လို့ ယူကရိန်း သမ္မတပြော

သမ္မတ ဇီလန်စကီးက သံတမန်ရေး လမ်းကြောင်းနဲ့သာ စစ်ပွဲကို ရပ်တန့်နိုင်မယ်လို့ ပြောဆိုထားပေမယ့် ယူကရိန်းရဲ့ သံတမန်အဖွဲ့ ကိုယ်စားလှယ် အကြီးအကဲ မိုင်ခေလို ပိုလ်ဒိုယက်ခ်ကတော့ လောလောဆယ် ဆွေးနွေးမှုတွေ အားလုံး ယာယီ ရပ်ဆိုင်းထားရကြောင်း ဝန်ခံခဲ့ပါတယ်။

သံတမန်ရေး နည်းလမ်းတွေနဲ့သာ စစ်ပွဲကို အဆုံးသတ်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားတပ်တွေ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့တာ ၃ လလောက် ကြာမြင့်ခဲ့တဲ့နောက် ဇီလန်စကီးက ရုပ်မြင်သံကြား မိန့်ခွန်းမှာ အခုလို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းဟာ ရုရှားအပေါ် စစ်ရေးအရ အောင်ပွဲရဖို့ မျှော်လင့်နိုင်ဆဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ အမှန်တကယ် စစ်ပွဲကို ရပ်တန့်စေချင်တယ် ဆိုရင်တော့ ခိုင်မာ မှန်ကန်တဲ့ ဆွေးနွေးမှု လမ်းကြောင်းကသာ ချဉ်းကပ်နိုင်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။

လောလောဆယ်တော့ ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲပါ။ လူဟန့်စ်ခ်၊ ဒွန်းဘက်စ်ခ်၊ မာရူပိုလ်၊ မယ်လစ်တိုပိုလ်တို့လို မြို့ကြီးတွေက ရုရှားလက်အောက် ကျရောက်နေဆဲဖြစ်ပြီး ခါကစ်ဗ်လို မြို့ကြီးတွေမှာတော့ ယူကရိန်း တပ်တွေက ကျူးကျော်သူ ရုရှားစစ်တပ်ကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့ပါတယ်။

မဟာဗျူဟာအရ အချက်အခြာကျတဲ့ မာရူပိုလ်မြို့ကို သိမ်းယူလိုက်နိုင်ခြင်းက ရုရှားတပ်တွေ အနေနဲ့ ယူကရိန်း နိုင်ငံ အရှေ့ပိုင်း၊ တောင်ပိုင်း ဒေသတွေမှာ စိတ်တိုင်းကျ တပ်ဖြန့်နိုင်တဲ့ အားသာချက်မျိုး ရရှိလာစေပါတယ်။ လောလောဆယ် ရုရှား စစ်တပ်ဟာ ဆီဗာရိုဒွန်းနက်စ်ခ်မြို့ကို သိမ်းယူဖို့ အားထုတ်နေပြီး ယူကရိန်း ခုခံရေး တပ်တွေက ထိုးစစ်ပေါင်း ၁၁ ကြိမ်ထက် မနည်းကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ပြီး ဖြစ်တယ်လို့ မြို့တော် အုပ်ချုပ်ရေးမှူး ဆာဟီ ဟိုင်ဒိုင်က Telegramမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ဇီလန်စကီးက သံတမန်ရေး လမ်းကြောင်းနဲ့သာ စစ်ပွဲကို ရပ်တန့်နိုင်မယ်လို့ ပြောဆိုထားပေမယ့် ယူကရိန်းရဲ့ သံတမန်အဖွဲ့ ကိုယ်စားလှယ် အကြီးအကဲ မိုင်ခေလို ပိုလ်ဒိုယက်ခ်ကတော့ လောလောဆယ် ဆွေးနွေးမှုတွေ အားလုံး ယာယီ ရပ်ဆိုင်းထားရကြောင်း ဝန်ခံခဲ့ပါတယ်။

လက်ရှိ အချိန်မှာ တိုက်ပွဲတွေ ရပ်တန့်သွားမယ့် အလားအလာမျိုး မတွေ့ရသေးတဲ့နောက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ယူကရိန်းကို လူသားချင်း စာနာမှု၊ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ အထောက်အပံ့တွေ ပိုမို ပေးပို့သွားဖို့ စီစဉ်နေပါတယ်။ အခု သီတင်းပတ်ကုန်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၄၀ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ ထောက်ပံ့ရေး အစီအမံတွေ ပို့ဆောင်ဖို့ အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။