Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စစ်ပွဲကို သံတမန်ရေး နည်းလမ်းနဲ့ပဲ ရပ်တန့်နိုင်မယ်လို့ ယူကရိန်း သမ္မတပြော

သမ္မတ ဇီလန်စကီးက သံတမန်ရေး လမ်းကြောင်းနဲ့သာ စစ်ပွဲကို ရပ်တန့်နိုင်မယ်လို့ ပြောဆိုထားပေမယ့် ယူကရိန်းရဲ့ သံတမန်အဖွဲ့ ကိုယ်စားလှယ် အကြီးအကဲ မိုင်ခေလို ပိုလ်ဒိုယက်ခ်ကတော့ လောလောဆယ် ဆွေးနွေးမှုတွေ အားလုံး ယာယီ ရပ်ဆိုင်းထားရကြောင်း ဝန်ခံခဲ့ပါတယ်။

သံတမန်ရေး နည်းလမ်းတွေနဲ့သာ စစ်ပွဲကို အဆုံးသတ်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားတပ်တွေ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့တာ ၃ လလောက် ကြာမြင့်ခဲ့တဲ့နောက် ဇီလန်စကီးက ရုပ်မြင်သံကြား မိန့်ခွန်းမှာ အခုလို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းဟာ ရုရှားအပေါ် စစ်ရေးအရ အောင်ပွဲရဖို့ မျှော်လင့်နိုင်ဆဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ အမှန်တကယ် စစ်ပွဲကို ရပ်တန့်စေချင်တယ် ဆိုရင်တော့ ခိုင်မာ မှန်ကန်တဲ့ ဆွေးနွေးမှု လမ်းကြောင်းကသာ ချဉ်းကပ်နိုင်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။

လောလောဆယ်တော့ ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲပါ။ လူဟန့်စ်ခ်၊ ဒွန်းဘက်စ်ခ်၊ မာရူပိုလ်၊ မယ်လစ်တိုပိုလ်တို့လို မြို့ကြီးတွေက ရုရှားလက်အောက် ကျရောက်နေဆဲဖြစ်ပြီး ခါကစ်ဗ်လို မြို့ကြီးတွေမှာတော့ ယူကရိန်း တပ်တွေက ကျူးကျော်သူ ရုရှားစစ်တပ်ကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့ပါတယ်။

မဟာဗျူဟာအရ အချက်အခြာကျတဲ့ မာရူပိုလ်မြို့ကို သိမ်းယူလိုက်နိုင်ခြင်းက ရုရှားတပ်တွေ အနေနဲ့ ယူကရိန်း နိုင်ငံ အရှေ့ပိုင်း၊ တောင်ပိုင်း ဒေသတွေမှာ စိတ်တိုင်းကျ တပ်ဖြန့်နိုင်တဲ့ အားသာချက်မျိုး ရရှိလာစေပါတယ်။ လောလောဆယ် ရုရှား စစ်တပ်ဟာ ဆီဗာရိုဒွန်းနက်စ်ခ်မြို့ကို သိမ်းယူဖို့ အားထုတ်နေပြီး ယူကရိန်း ခုခံရေး တပ်တွေက ထိုးစစ်ပေါင်း ၁၁ ကြိမ်ထက် မနည်းကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ပြီး ဖြစ်တယ်လို့ မြို့တော် အုပ်ချုပ်ရေးမှူး ဆာဟီ ဟိုင်ဒိုင်က Telegramမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ဇီလန်စကီးက သံတမန်ရေး လမ်းကြောင်းနဲ့သာ စစ်ပွဲကို ရပ်တန့်နိုင်မယ်လို့ ပြောဆိုထားပေမယ့် ယူကရိန်းရဲ့ သံတမန်အဖွဲ့ ကိုယ်စားလှယ် အကြီးအကဲ မိုင်ခေလို ပိုလ်ဒိုယက်ခ်ကတော့ လောလောဆယ် ဆွေးနွေးမှုတွေ အားလုံး ယာယီ ရပ်ဆိုင်းထားရကြောင်း ဝန်ခံခဲ့ပါတယ်။

လက်ရှိ အချိန်မှာ တိုက်ပွဲတွေ ရပ်တန့်သွားမယ့် အလားအလာမျိုး မတွေ့ရသေးတဲ့နောက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ယူကရိန်းကို လူသားချင်း စာနာမှု၊ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ အထောက်အပံ့တွေ ပိုမို ပေးပို့သွားဖို့ စီစဉ်နေပါတယ်။ အခု သီတင်းပတ်ကုန်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၄၀ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ ထောက်ပံ့ရေး အစီအမံတွေ ပို့ဆောင်ဖို့ အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။