Connect with us

Hi, what are you looking for?

ဗီဒီယို

တရုတ်မှာ ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်ပြီး ၄ ဦးထက်မနည်း သေဆုံး

အသေအပျောက် ဖြစ်စဉ် အားလုံးဟာ ငလျင်ကြောင့် ကျောက်ဆောင် ကျောက်တုံးတွေ ပြိုကျပြီး ပိမိခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရထားသူတွေကိုတော့ လောလောဆယ် ဆေးရုံတွေ တင်ပို့ပေးထားပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ငလျင်နှစ်ခု ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့တာကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးပြီး အိုးအိမ် အဆောက်အအုံတချို့ ပျက်စီးခဲ့ရပါတယ်။

တရုတ် အစိုးရပိုင် သတင်းဌာန CCTVရဲ့ ဖော်ပြချက်အရ ဒဏ်ရာရသူ ၁၄ ဦး ရှိတဲ့အနက် ၁ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ သိရပါတယ်။ ထိခိုက် သေဆုံးသူ အားလုံးဟာ ဆီချွမ်ပြည်နယ်၊ ဘောင်ရှင်း ဒေသမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။

အသေအပျောက် ဖြစ်စဉ် အားလုံးဟာ ငလျင်ကြောင့် ကျောက်ဆောင် ကျောက်တုံးတွေ ပြိုကျပြီး ပိမိခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရထားသူတွေကိုတော့ လောလောဆယ် ဆေးရုံတွေ တင်ပို့ပေးထားပါတယ်။

ဇွန်လ ၁ ရက်က ရစ်ချ်တာစကေး ၆.၁ အဆင့် ငလျင်တစ်ခုဟာ ဆီချွမ်က ယာအန်ဒေသကို ဦးတည် လှုပ်ခတ်သွားခဲ့ပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ မြေအနက် ၁၇ ကီလိုမီတာလောက်ကို ဦးတည်ပြီး မြေတိမ် ငလျင် အမျိုးအစား ဖြစ်တာကြောင့် မြေမျက်နှာပြင် အထက်ပိုင်းမှာ ထိခိုက်မှု ပိုမို ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ၃ မိနစ်ပဲ ခြားပြီး ရစ်ချ်တာစကေး ၄.၅ ငလျင်တစ်ခု အဲဒီနေရာနားမှာပဲ ထပ်လှုပ်ခဲ့ကြောင်း တရုတ် သတင်းဌာန Xinhuaက ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆီချွမ် မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနက ငလျင်တွေကြောင့် အိမ်ခြေတချို့ ထိခိုက် ပျက်စီးကြောင်း အတည်ပြုခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင် ၁၄၀၀ လောက်ကို အခင်းဖြစ်ရာ ဧရိယာတွေဆီ စေလွှတ်ထားတယ်လို့ ပြောပါတယ်။ ဒေသတွင်းက ရထားလမ်းပိုင်း တချို့ကိုလည်း လုံခြုံရေး အခြေအနေ ပြန်လည် စစ်ဆေးဖို့ ယာယီ ပိတ်ထားလိုက်ရပါတယ်။

ဆီချွမ်ဒေသဟာ အင်အားပြင်း ငလျင်တွေနဲ့ မစိမ်းလှတဲ့ နေရာတစ်ခုပါ။ အခု လှုပ်ခတ်တဲ့ ငလျင်နှစ်ခုထဲက ပထမ ငလျင်ဟာ ၂၀၁၃ ခုနှစ်တုန်းက လူပေါင်း ၁၉၆ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ရစ်ချ်တာစကေး ၇.၀ အဆင့် ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်လို့ ပညာရှင်တွေက ပြောပါတယ်။ ဆီချွမ်မှာ ၂၀၀၈ ခုနှစ်တုန်းက ရစ်ချ်တာစကေး ၇.၉ ငလျင်ကြီး လှုပ်ရှားခဲ့ဖူးပြီး လူပေါင်း ၉ သောင်းနီးပါး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။