Connect with us

Hi, what are you looking for?

ဗီဒီယို

သီရိလင်္ကာမှာ စက်သုံးဆီ လက်ကျန် ၅ ရက်စာပဲ ရှိတော့တယ်လို့ဆို

လူဦးရေ ၂၂ သန်းလောက် နေထိုင်တဲ့ ကျွန်းနိုင်ငံဟာ သမိုင်းတလျှောက် အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်း တစ်ရပ်နဲ့ ကြုံတွေ့နေတာပါ။ ဆီရှားတာကြောင့် နေ့စဉ် ပမာဏ အကန့်အသတ်နဲ့သာ ရောင်းချပေးနေတဲ့ ဆီဆိုင်တွေရှေ့မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးယာဉ်တွေ တန်းစီနေတဲ့ မြင်ကွင်းတွေကိုလည်း နေ့စဉ် တွေ့နေရပါတယ်။

သီရိလင်္ကာ နိုင်ငံမှာ စစ်သုံးဆီ သိုလှောင်ထားနိုင်မှုဟာ နောက်ထပ် ၅ ရက်စာလောက်ပဲ ကျန်တော့တယ်လို့ အစိုးရက ဝန်ခံခဲ့ပါတယ်။

အကြွေးနွံနစ်ပြီး ဘဏ္ဍာရေးအရ အကြီးအကျယ် ကျပ်တည်း ရုန်းကန်နေရတဲ့ သီရိလင်္ကာ အစိုးရဟာ စက်သုံးဆီ အပါအဝင် အရေးကြီးတဲ့ ကုန်စည်တွေ တင်သွင်းဖို့တောင် နိုင်ငံခြား အပိုဆောင်းငွေ လက်ကျန် မရှိတော့ပါဘူး။ လောလောဆယ်မှာ လောင်စာဆီတွေ ဝယ်ယူရေးအတွက် အိန္ဒိယ အစိုးရဆီက ချေးငွေ ဒေါ်လာ သန်း ၅၀၀ ရရှိဖို့ တောင်းဆိုထားပြီး အကြောင်းပြန်မှုကို စောင့်ဆိုင်းနေရဆဲပါ။

အစောပိုင်းတုန်းက သီရိလင်္ကာအစိုးရဟာ ပြည်တွင်းမှာ စက်သုံးဆီ၊ လောင်စာဆီတွေကို ဇူလိုင် လဆန်းကစပြီး အပတ်စဉ် ခွဲတမ်းနဲ့သာ ရောင်းချပေးတော့မယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားမှာ ဆီလက်ကျန်က လကုန်တဲ့ အချိန်တောင် မလောက်တော့ဘူးလို့ စွမ်းအင်ဝန်ကြီး ကန်ချာနာ ဝီဂျီဆက်ကီရာက ဝန်ခံခဲ့ပါတယ်။

လူဦးရေ ၂၂ သန်းလောက် နေထိုင်တဲ့ ကျွန်းနိုင်ငံဟာ သမိုင်းတလျှောက် အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်း တစ်ရပ်နဲ့ ကြုံတွေ့နေတာပါ။ ဆီရှားတာကြောင့် နေ့စဉ် ပမာဏ အကန့်အသတ်နဲ့သာ ရောင်းချပေးနေတဲ့ ဆီဆိုင်တွေရှေ့မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးယာဉ်တွေ တန်းစီနေတဲ့ မြင်ကွင်းတွေကိုလည်း နေ့စဉ် တွေ့နေရပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး နေ့တိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ နာရီအတော်များများ ဖြစ်ပေါ်နေပြီး အခြေခံ စားသုံးကုန်၊ လူသုံးကုန် စျေးနှုန်းတွေကလည်း တဟုန်ထိုး မြင့်တက်လာပါတယ်။ ဝန်ထမ်းလစာ ပေးချေဖို့အတွက် အစိုးရက ငွေစက္ကူတွေ တိုးမြှင့် ရိုက်ထုတ်တာကြောင့် ငွေကြေး ဖောင်းပွမှုတွေလည်း ဆိုးရွားလာပြန်ပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီ ရှားပါးတဲ့ အခြေအနေကြောင့် နေ့တိုင်း ဆီဆိုင်တွေမှာ တန်းစီစောင့်နေရတဲ့ ယာဉ်တန်းတွေဟာ ကီလိုမီတာနဲ့ချီပြီး ရှည်လျားပါတယ်။ တချို့ မြို့တွေမှာဆိုရင် ဆီဆိုင်မှာ တန်းစီရတာက ရက်နဲ့ချီ ကြာတတ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ တန်းစီရင်း ဆီကုန်မှာစိုးလို့ ကားတွေ၊ ဆိုင်ကယ်တွေကို စက်မနှိုးဘဲ တွန်းရွှေ့နေကြတာ တွေ့ရပါတယ်။

သီရိလင်္ကာဟာ ရုရှားဆီက ရရှိတဲ့ ရေနံစိမ်းတချို့ကို ပြည်တွင်းမှာ ပြန်လည် ချက်လုပ် သန့်စင်ခဲ့ပေမယ့် စက်သုံးဆီ လိုအပ်ချက်နဲ့ မကာမိခဲ့ပါဘူး။ လောလောဆယ်မှာ အစိုးရဟာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့နဲ့လည်း အရေးပေါ် အကူအညီ ရရှိရေး ကိစ္စတွေအတွက် အကျေအလည် ဆက်လက် ဆွေးနွေးနေတယ်လို့ သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံး၊ ပျောက်ဆုံးစာရင်း ၅၀၀ ကျော်ထိ မြင့်တက်လာတဲ့နောက် သီရိလင်္ကာမှာ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရပါတယ်။

နိုင်ငံတကာ

အခုသီတင်းပတ်ထဲမှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့ မိုးတွေကြောင့် သီရိလင်္ကာ နိုင်ငံမှာ လူ ၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ လေတပ်တွေ ပူးပေါင်း လေ့ကျင့်တဲ့ အစီအစဉ်တစ်ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ကနေ လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ စစ်ကိုင်း၊ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေဆီ စက်သုံးဆီ ပို့ဆောင်တယ်ဆိုပြီး လူ ၂၀၀နီးပါးကို စစ်ကောင်စီ က အခုရက်ပိုင်းအတွင်း ထောင်ဒဏ်တွေချလိုက်တယ်လို့ သိရပါတယ်။