Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ပွဲကို အနိုင်ရမယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း ယူကရိန်း သမ္မတပြော

လတ်တလောမှာ ယူကရိန်း တပ်တွေဟာ မဟာဗျူဟာအရ အချက်အခြာကျတဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေ တည်ရှိရာ ခါဆွန် ဒေသကို ရုရှားတွေ လက်ထဲက ပြန်သိမ်းဖို့ ကြိုးစားနေပြီး တဖြည်းဖြည်း တိုးတက်မှုတွေ ရရှိနေပါတယ်။ ခါဆွန်ဟာ မိုင်ကိုလိုင်ဗ်နဲ့ မိုင် ၇၀ နီးပါးလောက်သာ ကွာဝေးပါတယ်။

စစ်ပွဲကို အနိုင်ရလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ကြောင်း ရှေ့တန်း တစ်နေရာကို ကိုယ်တိုင် သွားရောက်ချိန်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်း နယ်မြေတွေကို သိမ်းယူနိုင်ဖို့ ပိုမို အာရုံစိုက် ကြိုးစားလာသလို ယူကရိန်းဖက်က မြို့ရွာတွေကိုလည်း လက်လွတ် ဆုံးရှုံးလာရပါတယ်။ လောလောဆယ်တော့ ယူကရိန်း အရှေ့ပိုင်းမှာ စစ်ပွဲတွေက ပိုပြီး ပြင်းထန်နေပါတယ်။

အခု သီတင်းပတ်ကုန်မှာ နိုင်ငံတောင်ပိုင်းက မိုင်ကိုလိုင်ဗ်မြို့ကို ဇီလန်စကီးက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ဒေသခံတွေ၊ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မိုင်ကိုလိုင်ဗ်ဟာ ရုရှားရဲ့ ခြိမ်းခြောက်မှု မကင်းသေးတဲ့ ရှေ့တန်း စစ်မျက်နှာ တစ်ခုလို့ သတ်မှတ်ရမယ့် နေရာပါ။

ဇီလန်စကီးဟာ မြေအောက် ဘန်ကာတစ်ခုထဲမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို စစ်ဘက်ဆိုင်ရာ ဂုဏ်ပြု ဆုတံဆိပ်တွေ အပ်နှင်းခဲ့သလို Selfie ဓာတ်ပုံတွေလည်း အတူရိုက်ခဲ့ကြပါတယ်။ ဇီလန်စကီးက ရဲရင့်တဲ့ ယူကရိန်းသားတွေဟာ ရည်မှန်းချက် တစ်ခုတည်းအတွက် မဆုတ်မနစ် တိုက်ပွဲဝင်နေကြောင်း၊ ရန်သူကို သေချာပေါက် တွန်းလှန်ပြီး အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ပြီး မကြာခင် မတ်လဆန်းလောက်တုန်းက မိုင်ကိုလိုင်ဗ်ကို ရောက်ရှိခဲ့ပါသေးတယ်။ အဲဒီတုန်းက တိုက်ပွဲတွေ အရမ်း မပြင်းထန်သေးပေမယ့် ရုရှားဒုံးကျည် တစ်စင်းက အဆောက်အအုံ တစ်ခုကို ထိမှန်လို့ လူ ၃၇ ဦး သေဆုံးခဲ့ပါတယ်။

လတ်တလောမှာ ယူကရိန်း တပ်တွေဟာ မဟာဗျူဟာအရ အချက်အခြာကျတဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေ တည်ရှိရာ ခါဆွန် ဒေသကို ရုရှားတွေ လက်ထဲက ပြန်သိမ်းဖို့ ကြိုးစားနေပြီး တဖြည်းဖြည်း တိုးတက်မှုတွေ ရရှိနေပါတယ်။ ခါဆွန်ဟာ မိုင်ကိုလိုင်ဗ်နဲ့ မိုင် ၇၀ နီးပါးလောက်သာ ကွာဝေးပါတယ်။

လက်ရှိ အနေအထားအရ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်း၊ လူဟန့်စ်ခ် ဒေသက စစ်ရေးအရ အချက်အခြာ အရမ်းကျတဲ့ ဆီဗီယိုဒွန်းညက်စ်ခ်မြို့ကို သိမ်းပိုက်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေပါတယ်။ မြို့ကို ဆက်သွယ်ထားတဲ့ တံတားတွေကို ရုရှားတပ်တွေက ဗုံးခွဲ ဖျက်ဆီးလိုက်တဲ့နောက် မြို့ထဲမှာ ကလေးငယ်တွေ အပါအဝင် လူ ၅၀၀ လောက် ပိတ်မိနေတယ်လို့လည်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။