Connect with us

Hi, what are you looking for?

ဗီဒီယို

ဆိုဗီယက်ခေတ် လက်ကျန် စစ်ပွဲ အထိမ်းအမှတ် ပစ္စည်းတွေကို အက်စ်တိုးနီးယား ဖယ်ရှား

နာဗာဟာ အက်စ်တိုးနီးယားမှာ လူဦးရေ တတိယ အများဆုံး မြို့ဖြစ်ပါတယ်။ ရုရှား နယ်စပ်နဲ့ ကပ်ပြီး တည်ရှိနေတဲ့ မြို့ထဲမှာ နေထိုင်သူ ၆ သောင်းလောက်ရှိပြီး အဲဒီထဲက ၉၇ ရာခိုင်နှုန်းဟာ ရုရှားစကား ပြောဆိုသူတွေပါ။

ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့တဲ့ စစ်ပွဲ အထိမ်းအမှတ် ပုံရိပ်တွေကို အများပြည်သူ သွားလာရာ နေရာတွေကနေ စတင် ဖယ်ရှားနေကြောင်း အက်စ်တိုးနီးယား အစိုးရက ကြေညာခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး ပြည်သူတွေကြားမှာ ရန်လိုတဲ့ စိတ်ခံစားချက်တွေ ကိန်းအောင်းမလာဖို့၊ နာကျင်စရာ အတိတ်တွေကို အစပြန်မဖော်ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ဆုံးဖြတ်ခဲ့တာလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အက်စ်တိုးနီးယားနဲ့ ယူကရိန်းတို့ဟာ ဆိုဗီယက် ပြည်ထောင်စု ခွဲထွက်ပြီး လွတ်လပ်ရေး ရလာကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မျက်မှောက်ခေတ် ရုရှားကတော့ ဆိုဗီယက် ပြိုကွဲပြီးနောက်ပိုင်း ဆင်းသက်လာတဲ့ အင်အားကြီး နိုင်ငံပါ။ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်တဲ့ ကိစ္စဟာ ဆိုဗီယက် အစိတ်အပိုင်း ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံငယ်တွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။

အက်စ်တိုးနီးယားမှာ လိုက်လံဖယ်ရှားနေတဲ့ စစ်ပွဲ အထိမ်းအမှတ်တွေထဲမှာ နာဗာမြို့က နာမည်ကျော် T-34 တင့်ကား ပုံစံတူကြီးလည်း ပါဝင်ပါတယ်။ အုတ်ခုံမြင့် တစ်ခုပေါ် နေရာချထားတဲ့ အဲဒီတင့်ကားကြီးကို အက်စ်တိုးနီးယား စစ်သမိုင်း ပြတိုက်ဆီ လွှဲပြောင်း ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နာဗာဟာ အက်စ်တိုးနီးယားမှာ လူဦးရေ တတိယ အများဆုံး မြို့ဖြစ်ပါတယ်။ ရုရှား နယ်စပ်နဲ့ ကပ်ပြီး တည်ရှိနေတဲ့ မြို့ထဲမှာ နေထိုင်သူ ၆ သောင်းလောက်ရှိပြီး အဲဒီထဲက ၉၇ ရာခိုင်နှုန်းဟာ ရုရှားစကား ပြောဆိုသူတွေပါ။

မြို့ရဲ့ လူစည်ကားရာ နေရာတစ်ခုမှာ ထားရှိတဲ့ ဒုတိယ ကမ္ဘာစစ် အထိမ်းအမှတ် တင့်ကား ပုံစံတူကြီးကို ဩဂုတ် ၁၆ ရက်မှာ ဖြုတ်ယူသွားပြီး ၁၂၅ မိုင်လောက် ဝေးကွာတဲ့ ပြတိုက်ဆီ သယ်ဆောင်သွားမှာပါ။ လတ်တလောမှာတော့ မဖယ်ရှားရသေးတဲ့ စစ်ပွဲ အထိမ်းအမှတ် နေရာတွေဆီ လူတွေ သွားလာ ဝင်ရောက်ခွင့် ပိတ်ထားလိုက်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားအနွယ်တွေ များပြားတဲ့ နာဗာလို ဒေသတွေမှာ နိုင်ငံရေးအရ ရိုက်ခတ်မှုတွေ ရှိလာမှာကို အက်စ်တိုးနီးယား အစိုးရက စိုးရိမ်နေပါတယ်။ အခုအချိန်မှာ ဆိုဗီယက်ခေတ် လက်ကျန် အထိမ်းအမှတ် သင်္ကေတတွေ ဆက်ပြီး ထားရှိတာဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို သိဒ္ဓိတင်ပေးသလို သဘောမျိုး သက်ရောက်တာကြောင့် အက်စ်တိုးနီးယားက မြေပိုင်နက်မှာ ရှိမနေသင့်တော့ကြောင်း နိုင်ငံခြားရေးဝန်ကြီး အူရာမက်စ် ရိန်ဆူလာက ပြောပါတယ်။

ရုရှားတွေ ဝင်ရောက်မှုကို စိုးရိမ်လာတဲ့အတွက် လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ ချက်တို့လို အရှေ့ဥရောပ အစိုးရတွေကလည်း ရုရှားနိုင်ငံသားတွေအတွက် ဗီဇာ ထုတ်ပေးတာတွေကို အကြီးအကျယ် ကန့်သတ် လျှော့ချထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

နိုင်ငံတကာ

အမေရိကန်က ဗုံးကြဲနေတာတွေကို ရပ်နားထားသ၍ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှု အားလုံးကို ဆိုင်းငံ့ထားမယ်လို့ အီရန်ဖက်က စကားကမ်းလှမ်းလာခဲ့ပါတယ်။